⚠️ Warning ⚠️ read at your own risk
ကလိကလိ ဖြစ်စေတာလေးတွေ မဆိုသလောက်လေးပါလို့ပါရှင်။
Character အရ မို့ real life idol တွေနဲ့ လုံးဝ မသက်ဆိုင်ပါကြောင်း🙇🏻♀️⚠️
......
လည်ပင်းကို ထိလိုက် ခွာလိုက် လုပ်နေတဲ့ ရင်ခွင်ထဲက အကိုပေါက်စက မခွာတော့ဘဲ ငြိမ်သွားတာကြောင့် အိပ်ပျော်နေပြီ ထင်လို့ ငုံ့အကြည့် လည်ပင်းကို ထိလိုက်တဲ့ ဂျောင်ဟန့်ရဲ့ လျှာဖျားကြောင့် လှမ်းရမယ့် ခြေလှမ်းတောင် ဆက်မလှမ်းနိုင်တော့ဘဲ ရပ်လိုက်မိသည်။
ဆော့မင်လည်ပင်းကို ထိတွေ့နေတဲ့ အခိုက် ဂျောင်ဟန့်ဦးနှောက်က အလုပ်မလုပ်တော့ပုံပေါ်သည်။ စဉ်းစားနိုင်စွမ်းလည်း မရှိတော့သလို လုပ်မိလုပ်ရာသာ လုပ်လိုက်မိသည်။
ဂျောင်ဟန်က လျှာဖျားနဲ့ ထိရုံတင် အားမရသေးဘဲ မေးဖျားထိပါ လျှာနဲ့ လျက်နေတာမို့ ဂျောင်ဟန့် ခါးကို ဖက်ထားတဲ့ ဆော့မင် လက်တွေ တင်းကြပ်သွားမိသည်။
"ဂျောင်ဟန် တော်တော့"
"ယွန်း ဂျောင် ဟန် တော်တော့လို့"
"အာ တောင်းပန်ပါတယ် ငါက ဒီတိုင်း"
သူ့ဘာသူလုပ်၊ သူ့ဘာသူ ရှက်ပြီး ကိုယ်ပေါ်က ဆင်းဖို့လုပ်နေတာကြောင့် ပိုတင်းကြပ်နေအောင် ဖက်လိုက်ပြီး
"ငြိမ်ငြိမ်နေစမ်းပါ ဂျောင်ဟန်ရာ"
"အာ..အင်း"
ဂျောင်ဟန့်ကို လက်တစ်ဖက်နဲ့ ချီပြီး နောက်လက်တစ်ဖက်က အိမ်က Driver ဆီသို့
"အင်း ကျွန်တော့်ကို လာခေါ်လို့ရပြီ"
ဖုန်းပြောလိုက်ပြီး မကြာခင်မှာပင် ကားရောက်လာတာကြောင့် back seat မှာ ဂျောင်ဟန့်ကို အရင်သွင်းပြီး ကိုယ်ပါ ဝင်ထိုင်လိုက်တော့
"သခင်လေး သခင်လေးက ရှေ့မှာပဲထိုင်နေကျ."
"အဆင်ပြေတယ် မောင်းတော့"
အခုဖြစ်နေတဲ့ အခြေအနေကို ဂျောင်ဟန် တကယ် ကြောက်နေပြီ ဖြစ်သည်။ ဆော့မင်က ရုပ်တည်ကြီးနဲ့ နေနေတာ။ အားး ယွန်းဂျောင်ဟန်ရာ ဦးနှောက်လေးနဲ့ စဉ်းစားခဲ့ရမှာ!!
ESTÁS LEYENDO
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
