"အော် ဟုတ်ပါပြီ အိမ်တော်ထိန်းဂန် ဆေးဗူးလေးသွားယူပေးပါကွယ် ကလေးကို ဆေးထည့်ပေးရအောင်"

"ဟာ မေမေကလည်း သားထည့်ပေးမှာကို"

"သားက ထည့်တာထက် မေမေထည့်တာက ပိုကောင်းမှာပါ။ ဂျောင်ဟန့်ကို ထားခဲ့ ‌မေမေ ထည့်ပေးလိုက်"

"သားထည့်‌ပေးမှာလို့ အကို ပြော ကျွန်တော်ထည့်ပေးရမလား မေမေ့ကို ထည့်ခိုင်းမလား"

"အန်တီ့"

"ယွန်းဂျောင်ဟန်!"

ဂျောင်ဟန့်ကိုယ်လေးတောင် အအော်ခံရလို့ တုန်တက်သွားသည်။

အန်တီ့ကို မထည့်ခိုင်းတော့ပါဘူးလို့ ပြောဖို့ကို အီဆော့မင်က အော်လိုက်တာ

"အီဆော့မင် ကလေးကို အော်မနေနဲ့"

"ဘာကလေးတုန်း သားထပ်တောင် နှစ်နှစ်ကြီးတယ်"

"အယ် အဲ့တာဆို ဂျောင်ဟန် လေးက ၂၂နှစ်ပေါ့"

"ဟုတ်ပါတယ် အန်တီ"

အန်တီနဲ့ စကားပြောနေတုန်း အီဆော့မင်က ဂျောင်ဟန့်ကို ဆွေ့ခနဲ ကောက်ချီပြီး

"အိမ်တော်ထိန်းဂန် ဆေးကို ကျွန်တော့်အခန်းထဲပဲ လာပေးပါတော့။ သားသွားတော့မယ် မေမေ ဆေးထည့်ပြီးမှ ပြန်လာ မိတ်ဆက်ပေးမယ်"

ဆိုကာ အပေါ်ထပ်ကို တက်သွားတာကြောင့် ဂျောင်ဟန်လည်း ဘာမှမပြောရဲ ဆော့မင်ရဲ့ လည်ပင်းကို သာ မြဲမြဲ ဖက်တွယ် ထားမိသည်။

"သခင်လေး ဆေး ရပါပြီ"

"ထားခဲ့"

ဂျောင်ဟန့်ကို ကုတင်ပေါ် အသာအယာ ချပေးကာ ဆေးဗူး သွားယူပြီး  ၊
လုပ်မယ့် ဟာတွေကို ဖောက်နေတဲ့ ဆော့မင်က တကယ်ကြီးကို ဆွဲဆောင်မှုရှိတာ

နဖူးပေါ် ရောက်လာတဲ့ လက်သွယ်သွယ်တွေကြောင့် ရင်ထဲ တိုးခုန်တာ တဒိတ်ဒိတ်။

နှုတ်ခမ်းထောင့်က ပေါက်ပြဲနေတဲ့ ဒဏ်ရာကို ဂရုတစိုက် ဆေးထည့်ပေးပြီး လေရစေရန် ရည်ရွယ်‌၍လားမပြောတတ် မှုတ်ပေးနေတဲ့ နှုတ်ခမ်းအပေါ် အကြည့်အရောက်မှာ ဂျောင်ဟန် အဓိပ္ပာယ်မရှိတာ တစ်ခုကို လုပ်မိလိုက်သည်။

Chasing FoxDonde viven las historias. Descúbrelo ahora