"ရယ်မနေနဲ့ အိမ်ရောက်မှ ဆေးထည့်ပေးမယ်။ ပြီးမှ လုပ်ချင်တာလုပ်။ ပြီးတော့ ခုနက အော်လိုက်တာက ခင်ဗျား နာမှာ စိုးလို့ မကြိုက်လို့ မဟုတ်ဘူး"

"အာ..ဟုတ်..ဟုတ်ပါပြီ"

"လာဒီကို"

လာဒီကို ဆိုပြီး သူ့ခါးနားကို ပုတ်ပြတာကြောင့် မသိချင်ယောင်ဆောင် လိုက်တော့

"ဒီနားမှာ ခေါင်းထားလို့ ပင်ပန်းမှာ စိုးလို့ လာပါ"

ဆိုကာ အတင်း ဆွဲချတာကြောင့် ငြိမ်ငြိမ်လေးပဲ လှဲနေပေးရသည်။

လှဲနေတုန်းလဲ မျက်နှာပေါ်က ဒဏ်ရာတွေကို လက်နဲ့ ဖွဖွလေးတွေ လိုက်ကိုင်တော့ ရင်ထဲ တဒိတ်ဒိတ်

အီဆော့မင်တို့က မဟုတ်တော့ဘူး။

"ရောက်ပါပြီ သခင်လေး"

ရောက်ပြီဆိုတာနဲ့ ဆော့မင်က ကားပေါ်က အရင်ဆင်းပြီး ဂျောင်ဟန့်ကို ပြန်ချီလိုက်သည်။

"နေ..နေ ငါ ဆင်းလျှောက်"

"လျှောက်နိုင်တာလည်း မဟုတ်ဘဲ နေစမ်းပါ"

.

"ဆော့မင်လေး ပြန်ရောက်ပြီလား"

"ဟုတ် ပြန်ရောက်ပါပြီဗျ"

အိမ်ထဲကို ဝင်လာတုန်း မေမေရဲ့ပြောစကားကြောင့် ပြန်ဖြေလိုက်တော့ ‌ဆော့မင်ချီတာကို ခံထားရတဲ့ အကို့ရဲ့ လက်တွေက တင်းကြပ်သွားတာကို ခံစားမိသည်။

ကြောက်နေတာပဲ ချစ်စရာလေး

"စောလိုက်တာ ဒါနဲ့ ဒီကောင်လေးက သားရည်းစား‌လေးပေါ့ ထိုင်ပါအုံးကွယ် ခဏလောက်"

"ဟုတ် ‌မေမေ"

ဂျောင်ဟန့်ကို ဆိုဖာပေါ်ချပေး‌ပြီး သူကိုယ်တိုင်လည်း ဂျောင်ဟန့်ဘေးဝင်ထိုင်လိုက်သည်။

ဂျောင်ဟန် ခုချိန်မှာ ကြားတဲ့ စကားတစ်ခွန်းက သားရည်းစားလေး ဆိုတာပင်။ အီဆော့မင်က မငြင်းဘူးလား။

"မင်္ဂလာပါ အန်တီ"

"မေမေ ဒါက ယွန်းဂျောင်ဟန်တဲ့။ သူ လူမှားပြီး အထိုးခံရလို့ လမ်းမလျှောက်နိုင်တာနဲ့ ခေါ်လာတာ"

Chasing FoxDonde viven las historias. Descúbrelo ahora