စဉ်းစားနေတုန်း ခေါင်းပေါ် ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် ကြည့်လိုက်တော့ ဆော့မင်။
"ကျွန်တော့်ကို မှီလို့ရတယ် ဂျောင်ဟန်"
မှီလို့ရတယ်တောင် ပြောနေတာကို ငြင်းရအောင် ဂျောင်ဟန်က ဘာကောင်ကြီး မို့လို့လည်း မှီလိုက်တာပေါ့။
ပုခုံးပေါ်မှီနေရင်းပြုံးစိစိ ဖြစ်နေတဲ့ ဂျောင်ဟန်ကို ကြည့်ပြီး အသည်းတယားယား။
ဒီ အကို တော်တော်တတ်နေတာ။
"အကို"
"ဘာလဲ ဂျောင်ဟန်လို့မခေါ်တော့ဘူးလား"
"အင်း ဂျောင်ဟန်"
"အွန်း ပြော"
ပုခုံးပေါ် ခေါင်းမှီရင်း ပြန်ဖြေနေတဲ့ ဂျောင်ဟန့် မျက်နှာကို သေချာ မမြင်ရတာကြောင့် ဆွဲမော့ပြီး ဂျောင်ဟန့်ခေါင်းရှေ့ကို ကိုယ့်လည်ပင်း ပြလိုက်သည်။
"ဒီမှာ လည်ပင်းကို ကြည့်လိုက်"
"ဟင် ဘာကိုလဲဟင်"
"အဲ့မှာလေ သွေးတွေ"
"ခိုက်မိလာတာလား ပြပါအုံး"
သူနမ်းထားလို့ သူ့နှုတ်ခမ်းထောင့်က သွေးတွေ ပေနေတာကို ခိုက်မိလာတာလားတဲ့
"အဲ့တာ ခင်ဗျား နှုတ်ခမ်းထောင့်က သွေးတွေလေ"
"အာ"
"လွန်ခဲ့တဲ့ ၅မိနစ်လောက်ကမှ ဖြစ်ထားတာကို အတိတ်မေ့နေတာလား"
အီဆော့မင်က တကယ် မျက်နှာပြောင်ချက် ရှေ့မှာလည်း driver ရှိနေတာကို
"မေ့နေတာလားလို့"
"မ..မမေ့ပါဘူး"
"မနာဘူးလား ဘာလို့ အဲ့လိုလုပ်တာလည်း လုပ်ချင်ရင် ဆေးထည့်ပြီးမှ လုပ်တာမဟုတ်ဘူး"
"အဟမ်း အဟွတ်"
စကားပြောနေတဲ့ ဟာကို ရှေ့က driver က ချောင်း ထ ဆိုးတာကြောင့် မျက်စောင်းထိုးလိုက်ပြီး
"နေမကောင်းဘူးလားဟင် ကျွန်တော် အဖေ့ကို ခွင့်ပေးဖို့ ပြောပေးရမလား"
"အာ..ရပါတယ် သခင်လေး"
ဘေးက ဂျောင်ဟန့်ကို ကြည့်လိုက်တော့ ပြုံးစိစိ
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
^<five>^ final!!
Start from the beginning
