အခန်းတံခါးဖွင့်သံကြားလို့ ကြည့်မိတော့ အရင်ဆုံး မြင်လိုက်တာက ဂျောင်ဟန်။
ဒီတိုင်း လွတ်ပေးသင့်တာ ဆိုပေမယ့် ခန္ဓာကိုယ်က ဂျောင်ဟန့်ကို ရင်ခွင်ထဲ ဆွဲထည့်ပြီးနေပြီ။ တစ်ပြိုင်နက်တည်း လုပ်လိုက်မိတာက ဟိုဘက်က တစ်ယောက်ကို တွန်းလိုက်တာ။
ဆော့မင် ရင်ခွင်ထဲ ရောက်သွားပေမယ့် ဆော့မင်မျက်လုံးက ဂျောင်ဟန့်ဆီမှာ ရှိမနေတာမို့ ကြည့်လိုက်တော့ ဟိုကောင့်ကို တွန်းလိုက်တာပင်။
အာအီဂူး တော်လိုက်တာ ဆော့မင်လေးက
ဂျောင်ဟန့်ကို အသာအယာ ထိုင်ခုံပေါ်တင်လိုက်ပြီးမှ ဒဏ်ရာတွေကို မြင်လိုက်သည်။
ပိုပြီး သွေးထွက်နေတဲ့ နှုတ်ခမ်း အစပ်က ဒဏ်ရာ။ နှာရိုး နားမှာ ခြစ်ရာပုံစံမျိုး ဖြစ်နေတာရယ်။ အညိုမဲ စွဲနေတဲ့ ပါးပြင်လေးရယ် နဖူးလေးရယ်။ ဒီမျက်နှာ လှလှလေးပေါ်မှာ ဒဏ်ရာတွေ အပြည့်။
"ဘယ်သူလုပ်တာလဲ ဂျောင်ဟန်"
"အဲ့ကောင်"
လဲကျသွားသူမှာ ပြန်တောင် မ ထ နိုင်။ နေပါအုံး ဂျောင်ဟန်ပြောတော့ ခွင့်လွှတ်တယ်ဆို သူ့ကို တကယ်ကြီး အဲ့လို လုပ်ရမှ ဖြစ်မှာလား။
ဂျောင်ဟန့် အပြောအပြီး ထိုကောင့်ရဲ့မျက်နှာပေါ်ကို နှစ်ချက်လောက်ဆင့်ထိုးလိုက်တော့ ဂျောင်ဟန့် ခေါ်သံနဲ့ အတူ မင်ဂယူ ဆွဲတော့မှသာ ရပ်လိုက်သည်။
"ဆော့မင်!"
"ဆော့မင် တော်တော့"
ထိုးတာ ရပ်သွားတဲ့ အခိုက်အတန့်မှာ ထိုကောင်လေးကို အစပင် ရှာမရတော့။ သူလည်း ထပ်အထိုးခံရမှာ ကြောက်တယ် ထင်ပါတယ်။
"မင်းကလည်းဟာ ဟိုက သူ့ကို ချီလာတာလေ ထိုးတဲ့သူဖြစ်ပါ့မလား ယွန်းဂျောင်ဟန်ပြောတိုင်း ယုံမနေနဲ့"
"ဟိတ်ကောင် ငါက လိမ်မလား သူထိုးတာလို့! လူမှားပြီး ထိုးတာ"
ဆော့မင်က ဂျောင်ဟန့်ရဲ့ မျက်နှာချင်းဆိုင်ကို ပြန်လာပြီး ဘာမှမပြောဘဲ ကြည့်နေတာကြောင့် အကြည့်တွေကို မခံနိုင်စွာ ခေါင်းငုံ့လိုက်မိသည်။
ခေါင်းငုံ့နေတုန်း ဂျောင်ဟန့်ကို ဂျိုင်းအောက်ကနေ ကလေးချီသလို ချီလိုက်တဲ့ ဆော့မင်ကြောင့် နှလုံးခုန်သံတွေက ရုန်းရင်းဆန်ခတ်
နှလုံးခုန်တာတွေ ပုံမမှန် ဖြစ်ကုန်ပေမဲ့ ယွန်းဂျောင်ဟန်ဆိုတဲ့ လူလည်လေးရဲ့ ခြေထောက်တွေက ဆော့မင် ခါးမှာ ချိတ်ထားပြီး လက်တွေက ဆော့မင် လည်ပင်းကို ဖက်လျက်သား
ဆော့မင် ရင်ခွင်ထဲ ခေါင်းအပ်ထားတဲ့ ဂျောင်ဟန့် နားဖျားကို ထိတွေ့သွားတဲ့ အထိအတွေ့ နဲ့ အတူ ဆော့မင် ပြောလာသည်က
"အိမ်ပြန်ကြမယ် ဂျောင်ဟန်"
ဆော့မင် ပြောတာကို ကြားပေမယ့် အာရုံမရ။ ထိထားဆဲ ဖြစ်သော ဆော့မင် နှုတ်ခမ်းနဲ့ကိုယ့်နားအပေါ်ပဲ စိတ်ရောက်နေသည်။
"အာ့"
ဆော့မင်က ဂျောင်ဟန့်ရဲ့ နားဖျားလေးကို တစ်ချက်ကိုက်လိုက်ပြီး ထပ်ပြောလာခြင်း
"ပြန်မယ်မလား"
"ဟင့်အင်း မပြန်ဘူး ငါလမ်းမလျှောက်နိုင်သေးတာမို့ အိမ်မပြန်နိုင်ဘူး။ လာခေါ်ခိုင်းရအောင်ကလည်း တစ်ယောက်တည်းနေတာ။ အိမ်ရောက်ရင်တောင် တစ်ယောက်တည်း ချက်စားရမှာမို့လို့ မချက်နိုင်လောက်ဘူး"
ဂျောင်ဟန်က သူ့ရဲ့ ဦးနှောက်ကို အိမ်မပြန် ရဖို့ အတွက် ကြိုးစားပြီး ဆင်ခြေရှာနေခြင်း။
"ကျွန်တော် လိုက်အိပ်ပေးမယ် သွားမယ်"
ဂျောင်ဟန့်ရဲ့ ပြန်စကားကို မစောင့်ဘဲ ဆရာ့ကို သွားပြောတဲ့ ဆော့မင်က ဆွဲဆောင်မှု ရှိလိုက်တာလေ။
အခွင့်အရေးယူတယ်ရယ်တော့ မဟုတ်ပေမယ့် ဂျောင်ဟန့်ရဲ့ လက်တွေက ဆော့မင် ရဲ့ လည်ပင်းကို ချိတ်နေရာကနေ ပုခုံးကို ပြောင်းကိုင်ပြီး မျက်နှာက ဆော့မင်ရဲ့ လည်ပင်းကို အပ်ထားမိသည်။ မသိမသာ တစ်ချက်တစ်ချက် ထိခက်သွားတဲ့ နှုတ်ခမ်း နဲ့ လည်ပင်းကို ဆော့မင်တော့ မရိပ်မိလောက်ဘူးမလား။
အိမ်ကနေ ကားခေါ်လိုက်ရင်ရတယ် ဆိုပေမယ့် ကားဂိတ်ကို သွားနေတာက သေချာပေါက် လည်ပင်းပေါ်က အထိအတွေ့ကြောင့်ပင်။ လူတစ်ဦးတစ်လေ ကိုမှ ထိတာမကြိုက်တဲ့ ဆော့မင်ရဲ့ လည်ပင်းကို ဂျောင်ဟန်က ဖွဖွလေး နမ်းနေတာကို ဆော့မင် မသိဘဲ နေမလား။ ရင်ခွင်ထဲက ကောင်လေးကလေ တအားကို ချစ်ဖို့ကောင်းနေတာ။ အကို? လို့ပဲ ပြောရမှာပေါ့။
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
^<four>^
Start from the beginning
