"မင်း သေချာပေါက် ငါ့ကို ဒီလိုလုပ်ရမှ ဖြစ်မှာလား။"

"ဆော့မင် မင်းဘာတွေပြော"

ပြောနေရင်းနဲ့ ဆော့မင်က ဂျောင်ဟန့်မျက်နှာကို ကြည့်ကာ သနားသွားသည်လား အားနာသွားသည်လား မပြောတတ်။

ဆော့မင် ဂျောင်ဟန့်ကို ထိုးပြီးမှ ဂျောင်ဟန့်မျက်နှာကို ကြည့်မိတော့ စိတ်ထဲမကောင်း။ အချစ်ရေးအတွက်နဲ့ သူငယ်ချင်းကို လုပ်မိတာ ဆိုတဲ့ စိတ်က ဆော့မင်ကို နှိပ်ဆက်နေသည်။ထိုအချိန်တွင် စကားပြောလာတဲ့ ဂျောင်ဟန်။

"မင်းကြားသွားတာ ထင်တယ် ငါ တကယ်တော့"

"ရပါတယ် ငါငြင်းပြီးပြီ"

"ဆော့မင်နား စကားကို ဆုံးအောင် နားထောင် ပတ်ဂျီဟယ်ကို ငါက ငါချစ်တဲ့သူအကြောင်းပြောတာ သူ့ကို ဖွင့်ပြောနေတာမဟုတ်ဘူး"

ထိုအချိန်တွင် ဆော့မင်ရဲ့ မျက်ဝန်းတွင် ဝမ်းနည်းရိပ်တွေ ဖုံးလာတာကို ဂျောင်ဟန် မြင်လိုက်သည်။

"ဟုတ်တယ် ဂျောင်ဟန်က ငါ့ကို ချစ်ရေးဆိုတာမဟုတ်ဘူး ငါပြေးလာခဲ့ပေမယ့် မမှီတော့လို့"

အနောက်က ပေါ်လာတဲ့ အသံတစ်သံကြောင့် လှည့်ကြည့်လိုက်တော့ ပတ်ဂျီဟယ်ပင်။ ရှေ့က ဂျောင်ဟန့်ကို ကြည့်မိတော့ ဆော့မင်ထိုးလိုက်လို့ လဲကျသွားတဲ့ အရှိန်ကြောင့် ထော့နဲ့ထော့နဲ့ ဖြင့်။

ဆော့မင် ဂျောင်ဟန့်ကို ကောက်ပွေ့လိုက်ပြီး အခန်းပြင်ထွက်သွားလိုက်သည်။

ဆော့မင်က ရုတ်တရက်ကြီး ကောက်ပွေ့လိုက်တာမို့ ဂျောင်ဟန်လန့်သွားပြီး ဆော့မင် လည်ပင်းကို အားကိုး တကြီး ဖက်တွယ်လိုက်မိသည်။

ဂျောင်ဟန့်ကို တစ်ချက်ငုံ့ကြည့်ပြီး ဆော့မင် လေသံ တိုးတိုးဖြင့် မျက်လုံးချင်းစုံကာ
တောင်းပန်လိုက်သည်က ခွင့်လွှတ်တာမို့ ဘဝကြီးပါ ယူသွားပါလားလို့ ပြောချင်စိတ်ကို မနည်းထိန်းထားရသည်။

"တောင်းပန်ပါတယ်"

"ငါက ခွင့်လွှတ်ပြီးသားပါ"

//

ဘဝမှာ အထိုးခံရတာက ပျော်စရာကောင်းလိမ့်မယ်လို့ ဂျောင်ဟန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

အခုတော့လည်း မျက်နှာကသာ နာနေပေမယ့် ပျော်စရာကြီးပါ။

ဘာက ပျော်စရာကောင်းလဲဆိုတော့ မျက်နှာပေါ်ကို ခပ်ဖွဖွ လာထိတွေ့နေတဲ့ ဆော့မင်ရဲ့အထိအတွေ့တွေ။

နှုတ်ခမ်းထောင့်က ပေါက်ပြဲနေတဲ့ ဒဏ်ရာကို ဆေးထည့်ပေးရင်းနဲ့ မှုတ်ပေးနေတဲ့ ဆော့မင်ရဲ့ နှုတ်ခမ်းလှလှလေးကို အနီးကပ် အပေါ်စီးမြင်နေရတာ။

"ကျွန်တော် တောင်းပန်ပါတယ် အကို"

"အကို?"

"ထယ်ဟျောင်းဆီက ကြားပြီးပြီ အကိုက transfer student မို့လို့ နှစ်တန်းငယ်တာ ကျွန်တော့်ထက်ကြီးတယ်ဆို"

ဆော့မင်ပြောတဲ့ အသံက တိုးလွန်းတာကြောင့် သာမန်လူဆိုကြားရမှာမဟုတ်ပေမယ့် ဆော့မင်မျက်နှာရဲ့ လှုပ်ရှားမှုကို တစ်ချက်မှ မလွတ်အောင် ကြည့်နေတဲ့ ဂျောင်ဟန်ကတော့ သိသည်။

"တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး"

တကယ်စိတ်မကောင်းသယောင် ပြောနေတဲ့ ‌အကောင်ပေါက်လေးကို အသည်းယားတာမို့ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးမိသည်။

ဒီလိုကျတော့လည်း ငယ်ငယ်က အတိုင်းပဲ

//////////////

၄,၅ပိုင်းလို့ပဲပြောထားပြီး အပိုင်း၃ထိ မကြိုက်ကြသေးဘူး😭 ကြိုက်တော့ ကြိုက်တော့!

Chasing FoxWhere stories live. Discover now