"ချစ်လို့ပါဆို"ဆိုတဲ့ စကားသံကိုပဲ စိတ်ထဲရောက်နေတဲ့ ဆော့မင်က ဆက်ပြောနေတဲ့ စကားတွေကို ကြားတစ်ချက်မကြားတစ်ချက်။ တိုလာတဲ့ စိတ်က ထိန်းမနိုင်သိမ်းမရတွေ ဖြစ်လာတော့မှာ အနှေးနဲ့အမြန်ပင်။

ဂျောင်ဟန်ထွက်သွားပြီးနောက် ဂျီဟယ်ဆီ တည့်တည့်လျှောက်သွားမိသည်။

"ဆော့..ဆော့မင်"

"တောင်းပန်ပါတယ်ဗျ မနေ့က ပေးတဲ့စာကို ကျွန်တော်ငြင်းပါရစေ။"

ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွားတဲ့ ဆော့မင်စကားနောက် ဂျီဟယ့်အတွေးတွေ အလုပ်မလုပ်လိုက် မဟုတ်မှ ကြားသွားတာများလား။ပြဿနာတော့ မတတ်လောက်ပါဘူးနော်။ ဂျောင်ဟန်က ငါ့ကိုကြိုက်နေတယ်လို့ ထင်သွားမှ ဒုက္ခ။

//

*ခွပ်*

ဟိုကောင်မလေးကို တောင်းဆိုပြီး အခန်းထဲမှာ အေးဆေးထိုင်နေတုန်း ယွန်းဂျောင်ဟန်တစ်ယောက် အီဆော့မင်ရဲ့ ဆွဲထိုးတာကို ခံလိုက်ရခြင်း။

နှုတ်ခမ်းထောင့်က စပ်ဖျင်းဖျင်း ဖြစ်သွားမှုနဲ့ အတူ ပါးပေါ်ကို ထပ်ရောက်လာတဲ့ လက်ကြောင့် ရှောင်ရမယ့်အစား ငုတ်တုပ်မေ့နေမိသည်။

ဆော့မင်ရဲ့ ဒေါသတွေက လူတိုင်းအပေါ်တွင် ထိန်းလို့ရပြီး ယွန်းဂျောင်ဟန် ပေါ်မှာပဲ ထိန်းမရ သည့်ပုံ။ ဂျောင်ဟန်သာ ဂျီဟယ်ကို တွဲချင်တယ်ပြောလိုက်ရင် ဆော့မင်က ငြင်းပေးလိုက်မှာကို ဘာမှမပြောဘဲ ဆော့မင်နောက်ကွယ်မှာ သွားပြောတယ်ဆိုတဲ့ အသိက ဆော့မင်ရဲ့ ဒေါသကို ထိန်းမနိုင်သိမ်းမရဖြစ်စေသည်။

အသိစိတ်ဝင်လာတော့ ဆော့မင်ကို မင်ဂယူနဲ့ ထယ်ဟျောင်းက ဆွဲထားပြီးနေပြီ။

နောက်ဆုံး ကင်မင်ဂယူနဲ့ ထယ်ဟျောင်း လာဆွဲမှသာ ဂျောင်ဟန် ဆက်အထိုးမခံရတော့ခြင်း။

"အကို ဂျောင်ဟန် အဆင်ပြေရဲ့လား"

ထယ်ဟျောင်းကမ်းပေးလိုက်တဲ့ လက်ကို အားယူကာ ထ လိုက်အပြီး ဆော့မင်ဆီကနေ ကော်လံကို အဆွဲခံလိုက်ရသည်။။

ပြီးတော့ ပြောလာသည့် ဆော့မင် စကားများကို ဂျောင်ဟန် နားမလည်။

Chasing FoxWhere stories live. Discover now