ယွန်းဂျောင်ဟန်က ဆောင့်ကြီးအောင့်ကြီးအော်လာပြီးထွက်သွားတာမို့ ဆော့မင်ကြောင်သွားရသည်။

ဆော့မင်ပြောတဲ့အထဲ အမှားလည်းမပါ။

//

"အကို ကျွန်မ အကို့ကို ချစ်တယ်"

ဆော့မင် ကျောင်းကနေ အိမ်အပြန် ကျောင်းအထွက်ပင် မရောက်သေး ကောင်မလေးတစ်ယောက်က ချစ်ရေးဆိုခြင်း။

တိတိကျကျပြောရရင် ဆံပင်ဂုတ်ဝဲ၊အသားဖြူဖြူလေးနဲ့ ထိုကောင်မလေးက ချစ်ဖို့တော့ကောင်းလွန်းသည်။

ပြောလာတဲ့စကားနဲ့ အတူ ပေးလာတာကို ယူလိုက်တော့ လှစ်ခနဲ ပျောက်သွားတာများ တိမ်အလား။

ပေးလာတာက လေးထောင့်သဏ္ဌာန် ဗူးလေးဖြစ်ပြီး မုန့်လေးတွေနဲ့ အတူ အထဲမှာ စာပါ ပါပုံရသည်။

'တစ်သက်နဲ့ တစ်ကိုယ် ဂျောင်ဟန့်ကြောင့် ရည်းစားရတော့မှာပဲ'

အတွေးနဲ့အတူ ပြုံးလိုက်ရင်း အိမ်ကို ပြန်လာခဲ့လိုက်သည်။

//

ထိုကောင်မလေး ပေးလာတဲ့ ဗူးထဲက စာကို ဖွင့်ကြည့်တော့ ငြင်းပယ်လို့ မရတဲ့ တစ်ခုက ခုန်လာတဲ့ နှလုံးခုန်သံပင် သို့သော်ငြား စာထဲတွင် ဂျောင်ဟန် လုပ်ပေးလိုက်တဲ့ အီဆော့မင်ပုံစံကို ဖွဲ့နွဲ့ကာ ချစ်ရေးဆိုထားပုံနှင့်အီဆော့မင်ရဲ့ တကယ့်ပုံစံအမှန်နဲ့တုန်းက ကြည့်မရခဲ့ပုံတွေကို ရေးထားသည်။

ရင်ခုန်တဲ့ နှုန်းက နှေးသွားပြီး ဆော့မင်တွေးမိလိုက်တာက အချစ်ဆိုတာ အသွင်အပြင်ပဲ ဟူ၍။

//

"ဘာ ဘယ်သူက မင်းကို ချစ်ရေးဆိုတယ်×2"

အတန်းထဲမှာ ဆော့မင် ပြန်ပြောပြလိုက်တော့ စကားမပြောတော့ဘူး ဆိုတဲ့ ဂျောင်ဟန်ကပါ ထ အော်တာ နားပါပင်းတော့မယ်ထင်။

"မသိဘူး ဒီမှာတော့ ပတ်ဂျီဟယ် ဆိုလား ရေးထားတာပဲ"

"လုံးဝ အဖြေ‌မပေးနဲ့ ဆော့မင် ငြင်းလိုက်ပါ‌..နော်"

"အယ် ဘာလို့ ငြင်းရမှာလဲ"

ဂျောင်ဟန့်ရဲ့ အပြောကို နားမထောင်ချင်တာ သိသိသာသာ ပြန်မေးလာတဲ့ ခွေးပေါက်က အနီးနားမှာ ရှိတဲ့ ဟာနဲ့ ကောက်ထုချင်တာ လက်ကိုယားနေရော

သူ ငယ်ငယ်တုန်းက အဲ့လိုမဟုတ်ပါဘူး?

"ငါက ပြောနေရင် ငြင်းလိုက်လေ"

"မင်းက ဘာမို့လို့လဲ"

"ငါက..ငါက..မင်းရဲ့ သူငယ်ချင်းပေါ့ သူငယ်ချင်းက ပြောနေရင် ငြင်းလိုက်လေ"

"မငြင်းပါဘူး ရည်းစားမှ မထားဖူးတာ ထားဖူးတယ် ရှိအောင် ထားကြည့်ရမှာပေါ့"

ထိုအခြေအနေတွင် ယွန်းဂျောင်ဟန်ကို မျက်ထောင့်နီဖြင့်ကြည့်နေသော တစ်စုံတစ်ယောက်ရှိလေသည်။ ထိုသူကတော့ သေချာပေါက် ကင်မင်ဂယူပင်။

//////////////////

Chasing FoxWhere stories live. Discover now