"အီဆော့မင်!!"

ယွန်းဂျောင်ဟန်က ဆောင့်ကြီးအောင့်ကြီး ခေါ်လာတာမို့ မော့ကြည့်လိုက်တော့ ငိုမဲ့မဲ့နဲ့

"ဟမ် ဘာဖြစ်လို့လဲ ဂျောင်ဟန်"

"အဲ့ကောင်ကို မထူနဲ့!!"

"ဘယ်သူမှလည်း မထူခိုင်းဘူး ငါ့ဟာငါ ထ နိုင်တယ်"

"ဆော့မင် လာ ငါနဲ့ပဲ နေ အဲ့ ဂျောင်ဟန်ဆိုတဲ့ ကောင်ကို မခေါ်နဲ့"

ပြောရင်းနဲ့ မင်ဂယူက ဆော့မင်ကို ဆွေ့ခနဲ ပခုံးပေါ် ကောက်တင်လိုက်သည်။

"ဟိတ်ကောင် ချပေးဟ မင်း ဘာလို့ ငါ့ကို အနိုင်ကျင့်နေတာလဲ မင်းကို အနိုင်ကျင့်တဲ့ ကောင်တွေကို အဲ့လို."

"နားညီးလွန်းတယ် ငြိမ်ငြိမ်.အာ့"

ဂျောင်ဟန်က မင်ဂယူရဲ့ ခြေထောက်ကို ကန်လိုက်ခြင်း ဆော့မင် ပြုတ်ကျလုဆဲဆဲမှာ ဂျောင်ဟန်က ဖမ်းထားပေးပြီး

"ဆော့မင်က မင်းအပိုင်များ မှတ်နေလား ဟမ် ကင်မင်ဂယူ"

"ထိုင်ကြတော့ ဆရာလာပြီ ဟိုနှစ်ယောက် ဆော့မင်ကို လုမနေကြနဲ့တော့ဟ"

ထယ်ဟျောင်းက အော်လိုက်တော့ မှ မူလနေရာကို ငြိမ်ငြိမ်လေး သွားထိုင်ကြသည်။ ထုံးစံအတိုင်း ဆော့မင်က အလယ်မှာပါပဲ။

//

"ဆော့မင်"

"ဗျာ"

"ကင်မင်ဂယူလေ အဲ့ကောင်ကို အနားကပ်မခံနဲ့ အဲ့ကောင်က ဆော့မင်ကို သပ်သပ်အသားယူ"

"အာ အဲ့လိုမဟုတ်ပါဘူး"

ဆော့မင်ဆိုတဲ့ ခွေးပေါက်စက အရိပ်ပြတာတောင်မက အကောင်ပြရင်တောင် အကောင်မှားမယ့်ပုံ

"ဆော့မင် အဲ့တာဆိုလည်း အဲ့မင်ဂယူကို မနမ်းခိုင်းနဲ့"

"ကျွန်တော်လည်း မနမ်းခိုင်းပါဘူး သူ့ဘာသူလာနမ်း."

"တော်..တော်တော့ သူ့နေရာမှာ ငါဆိုရင်ရော မင်းက အနမ်းခံမှာမို့လို့လား!"

"ခံတယ်လေ ခံတာပေါ့"

"မင်းပါးစပ်ရှိတိုင်းလျှောက်မပြောနဲ့"

"ယောက်ျားလေးချင်း နမ်းတာပဲ ဘာဖြစ်တာမှတ်လို့"

"အားးး မင်းဟာ တော်ပြီ ငါမင်းကို စကားမပြောတော့ဘူး"

Chasing FoxWaar verhalen tot leven komen. Ontdek het nu