အခန်း ၄၇ unicode

4.9K 299 8
                                        

"မလုပ်စမ်းနဲ့ဆိုမောင်မောင်၊ အပူလောင်ပါ့မယ်"

"အသာနေစမ်း ကိုဖိုးမြိုင်တို့ လိုက်ပေးလိမ့်မယ်"

"ဒေါ်ကြီးတင်ရေ ဒီကို အချဉ်ငရုတ်သီး​ပေးပါဦး"

ဒီကနေ့ဟာ ဇူလိုင်နှစ်ဆယ့်လေးဖြစ်သလို ချစ်ရတဲ့ ညွှန်းရဲ့မွေးနေ့ပေါ့။ သုံးလေးရက်ကြိုပြီး ရွာလုံးကျွတ် လိုက်ဖိတ်ထားတာကြောင့် စည်ကားလှသည်။ ဦးလေးညွှန်းလွင်တို့ကလည်း ရွာရဲ့မျက်နှာဖုံးဆိုတော့ လူချစ်လူခင်ပေါလှ၏။

ရင်ဖုံးအဖြူကလေးနဲ့ ညွှန်းဟာ နှင်းဆီဖြူဖြူလေးတစ်ပွင့်နှယ်။ နားသယ်စပ်နား ငွေရောင်ဆံညှပ်ကလေးပန်ထားပါသေး၏။

ဟင်းရည်လိုက်ပေးဖို့ လူမနိုင်တာကြောင့် ကူလိုက်ပေးနေရသည်။ ဒါကို ညွှန်းကမြင်တော့ ပူမယ်ဆိုပြီး ကဲနေပြန်ပါလေရဲ့။

"အချိုပွဲလိုက်ချေ သွား၊ ဟိုနားဝိုင်းမှာ လိုနေပြီ၊ ပြီးတော့ ဒီချိုင့်ကြီးချ"

"စံကားဝါ ခေါ်သွားစမ်းကွယ်"

မနိုင်တဲ့အဆုံး သူ့လူကို အကူခေါ်ပါ၏။ ဒီနေ့ ညွှန်းတို့တွေက ရင်ဖုံးဆင်တူလေးတွေ တိုင်ပင်ဝတ်ထားကြသည်။ ဝါကတော့ ခေါင်းမယ် ဘာကလစ်မှ မပါပေ။

"သောက်တော့မလား"

"တော်ပြီ၊ လူပါးမှပဲသောက်တော့မယ်"

"ကျောက်ကျောစားဦး"

ပန်းကန်ကို အရှေ့ချပေး၏။ ကျောက်ကျောတုံးတွေဆီစိုက်ထားတဲ့ ကော်ခက်ရင်းပိစိလေးတွေမှာ ချစ်စရာ။

"ကောင်းတယ်"

"မင်းမမညွှန်းလုပ်ထားတာလေ၊ ကြိုက်သလား"

"ကြိုက်သား၊ အရမ်းလည်းမချိုတော့ မအီတော့ဘူးပေါ့"

"နောက်လည်း ခဏတိုင်းလုပ်ကျွေးခိုင်းပေါ့ကွယ်"

"နေပါ ပင်ပန်းနေရှာမယ်"

ပြောပြီးမှ စကားမှားသွားမှန်းသိ၍ အနေခက်စွာ ငြိမ်နေမိသည်။

"ချစ်တာလားညွှန်းကို"

ခေါင်းညိတ်ပြတော့ ဝါဟာ ပြုံး၏။ သူလည်း ဒီကနေ့မှ အတော်ကိုပြင်ဆင်ထားသည်။ နှုတ်ခမ်းနီက အရမ်းကိုရဲလွန်းနေတာ မဟုတ်ပါလား။

ချစ်ပါရစေ ပုလဲသွယ်Donde viven las historias. Descúbrelo ahora