အခန်း ၃၆ unicode

5.6K 373 7
                                        

ညလေကြောင့် ချမ်းစိမ့်လာသည်။ မိုးတွင်းဝင်ပြီမို့ မကြာခဏလည်း မိုးရွာပါသေး၏။ အအေးကြောက်တဲ့ညွှန်းကလေးက အမြဲလက်ရှည်ဝတ်ထားလေပြီ။

အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်ရင်းတွေးငေးမိ၏။ နောက်ပြီးခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှူသည်။ မိုးမရွာဘဲ အုံ့မှိုင်းနေတဲ့ ညမျိုးဆို ဟန်သဘောကျ၏။ အခုတော့မဟုတ်။ ဘေးနားကနေ ဂစ်တာသံ တဒေါင်ဒေါင်လုပ်နေတဲ့ ကိုထွန်းလှိုင်ကြောင့်ပင်။ ထုံးစံအတိုင်း ညွှန်းကိုလာပိုးတာလေ။ သူ့ဂစ်တာပြင်ဆိုင်ပို့ထားပါရဲ့ဆိုလို့ ဟန့်ဟာတောင် ယူပေးလိုက်ရပါသေး၏။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မျက်စောင်းသာထိုးနေမိသည်။

"လေတဖြူးဖြူးနဲ့ နေလို့ကောင်းလိုက်တာခင်ရယ်"

ကိုမျိုးတစ်ယောက် သူ့ဟာသူနေလို့ကောင်းတာကို အရေးထဲ ကိုယ့်ကိုလာ တ နေပါသေး။

"ဝါက ညွှန်းဆီအိပ်မှာလား"

"ဟုတ်ပါ့၊ မင်းကိုစိတ်မချလို့လေ၊ မင်း သွက်တာနဲ့ ညွှန်းက အင်တင်တင်နဲ့ ဘယ်လောက်ကြာကြာခံလိမ့်မှာတုန်း"

"ကျွန်တော်အဲလိုလူမဟုတ်ပါဘူး"

"ဟို ခင် စားပြီးပြီလား"

"ဘယ်အချိန်မှတ်နေတုန်းမျိုးလှိုင်ရဲ့"

ဝါဟာ သူ့ခေါင်းကို ဖက်ခနဲရိုက်သည်။ လူကသေးသလောက် လက်သံကပြောင်ပါသေး။

အခါတိုင်းလောက်လူမများပေ။ ကိုထွန်းတို့ညီအကိုရယ်၊ ဝါနဲ့ အမနှင်းနွယ်ရယ်သာရှိ၏။ အမကေသွယ်မပါတော့ ပိုမိုတိတ်ဆိတ်နေလေသည်။

ကိုထွန်းလှိုင်က ကြိုးကိုညှိရတာအားရမှ ချောင်းကျယ်ကျယ်ဟန့်သည်။ ပြီးတော့ ညွှန်းအခန်းဆီကိုလည်း မော့ကြည့်နေပါသေး၏။

ဖိုးလမင်းကို အောင်သွယ်ခိုင်းရမယ်..

သွယ့်ကိုမှ ချစ်မိနေပါတယ်..

ကြားကြားချင်း ဒေါနဲ့မောနဲ့ နပန် ထအုပ်ဖို့ပြင်ပေမဲ့ ဝါကလှမ်းဆွဲသည်။ သူတို့အာရုံနဲ့သူတို့မို့သတိထားမိကြမှာမဟုတ်။

ချစ်ပါရစေ ပုလဲသွယ်Tempat cerita menjadi hidup. Temukan sekarang