အခန်း ၁၈ unicode

6.2K 383 1
                                        

"ကောင်မလေး"

အသံစွာစွာလေးကိုကြားပါသော်လည်း မျက်လုံးအစုံမှိတ်ပြီး လစ်လျှုရှုနေလိုက်သည်။ ပွေ့ဖက်ထားတဲ့ခါးသိမ်သိမ်လေးက ဘယ်အရာတွေကြောင့် ဒီလောက်အထိ မက်မောဖွယ်ကောင်းနေတယ်မသိ။

သေချာတာကတော့ လူအများ ဝိုင်းကြည့်နေမှာပင်။

ညွှန်းသည် တော်တော်ကိုရုန်းနေပါ၏။ ဟန့်ပခုံးစွန်းအားခပ်ဖွဖွထုရိုက်နေတဲ့ လက်ကလေးကို အားပါပါဆုပ်ကိုင်လိုက်ပြီး ချုပ်ထားမိသည်။

"ခင်ယမုံဟန်"

ဒီတခါတော့ အသံတော်တော်ကျယ်သွား၏။ ညွှန်းစိတ်တိုနေတာ သေချာပါသည်။

"ခဏ ဟန်လေး"

တီတီက ကိုယ့်လက်ကိုကိုင်ကာ အိမ့်အနောက် ဆွဲခေါ်သွားသည်။ လက်ကိုညှစ်ထားပုံအရ သူလည်း တော်တော်စိတ်ပေါက်နေလောက်သည်။

ညွှန်းကိုလှမ်းကြည့်တော့ တော်တော်ကို မျက်နှာပျက်နေလေပြီ။

ပိုင်ဆိုင်ကြောင်းပြချင်တာ မောင့်အမှားလား မောင့်ပုလဲရယ်။

"ဟန်လေး မရှက်ဘူးလား၊ ဒီစကားတွေ မမကြီးတို့ဆီ ရောက်သွားရင်ရောဆိုပြီး တွေးမိရဲ့လား၊ ညွှန်းဘက်ကိုရော နည်းနည်းလောက် ကြည့်ပေးသင့်တယ်မထင်ဘူးလား၊ မင်း တော်တော်ကို ဆိုးတယ်ကွယ်၊ အခါတိုင်း တီတီ မမြင်ဟန်ဆောင်နေနိုင်ပေမဲ့ ဒီတခါတော့ တော်တော်လွန်သွားပြီ"

"ကျွန်တော်က ချစ်လွန်းလို့ပါ တီတီငယ်ရယ်"

"မင်းလုပ်ရပ်မှန်တယ်ထင်နေတာလား၊ မင်းကို တီတီတို့ ဒီလိုသင်ပေးခဲ့မိလို့လား"

"ဒါပေမဲ့.."

"အိတ်သွားယူ၊ တီတီ သွားစရာရှိတယ် ပြန်စို့"

"ဗျာ ကျွန်တော်ပြန်ရင် ညွှန်းတစ်ယောက်ထဲကျန်ခဲ့မှာလေ"

"အေး စံကားဝါတို့ ကေသွယ်တို့ကရော လူတွေမဟုတ်လို့လား"

"ရတယ် ခင်လင်း၊ ထားခဲ့"

သုန်မှုန်ပြီးပြောလာတဲ့ ညွှန်းကြောင့် ရင်ထိတ်သွားရသည်။

"ပြန်ခေါ်သွားမှဖြစ်မယ်ညွှန်း"

"မဟုတ်ဘူး၊ ကျွန်မ သူ့ကိုပြောမယ် ထားခဲ့လိုက်ခင်လင်း"

ချစ်ပါရစေ ပုလဲသွယ်Tempat cerita menjadi hidup. Temukan sekarang