အခန်း ၄၂ unicode

5.5K 347 14
                                        

"ကဲ သုတ်စမ်းပါ့ဆို၊ လေးတိလေးကန်နဲ့ လိပ်ကလေးလား"

"ဟုတ်တယ်၊ ညွှန်းရဲ့လိပ်ကလေး"

စိတ်မရှည်စွာနဲ့ လက်ထဲကပဝါကိုဆွဲယူပြီး ကိုယ်တိုင်သုတ်ပေးရှာသည်။ ဟန်ထိုင်နေသည်မို့ မှီဖို့ သူ မတ်တပ်ထရ၏။ ချစ်စဖွယ်ပင်။

"စံကားဝါနဲ့ ဘာတွေပြောခဲ့ကြလဲ"

"ဘာမှတောင်သိပ်မပြောလိုက်ရပါဘူး၊ သူက သိပ်အသည်းမာတာရယ်"

"ဟုတ်ပါ့ရှင်"

ပြောရင်း လှုပ်ရှားနေတဲ့လက်ကလေးတွေ တဖြေးဖြေးနှေးသွား၏။ ဟန်မော့ကြည့်လိုက်တော့ နဖူးကိုထိကပ်နမ်းသည်။

"သူငယ်ချင်းဆိုတဲ့စည်းကြောင့် ချစ်ရတဲ့သူကို လက်လွှတ်လိုက်တာပဲကြည့်လေ၊ ကျွန်မတောင် မလုပ်နိုင်ခဲ့တာ"

"သူကသဘောကျရုံတင်ပါ၊ ညွှန်းက ကျွန်တော့်ကိုချစ်တာလေ ဘယ်တူပါ့မလဲ"

"မောင်မောင့်ကိုကြည့်တဲ့အကြည့် ပြောဆိုပုံတွေကိုကြည့်ရင်သိပါရဲ့၊ ကျွန်မသိပ်တစ်ကိုယ်ကောင်းဆန်လွန်းသွားတယ်"

ရှိုက်သံပါပါပြောနေတာကြောက့် အလန့်တကြား မတ်တပ်ထရပ်လိုက်သည်။ ချစ်ရတဲ့ပုလဲ ငိုနေရှာပြီလေ။

"တော်ပြီပုလဲ တိတ်ပါ၊ မောင့်ပုလဲဘယ်တော့မှမမှားဘူး"

ရင်ခွင်ထဲပွေ့ဖက်ကာချော့တော့ ပိုလို့တောင်ငိုလာလေ၏။ ဟန် မမြင်ချင်ရဆုံး မျက်ရည်တွေဟာ ညွှန်းမျက်နှာအပြည့်မှာ နေရာယူနေလေသည်။

"နာရေးကူညီမှုအသင်းကိုလည်း ခေါ်ပြီးပြီကွယ်၊ ရက်လည်အတွက်တွေက အန်တီသန်းကိုယ်တိုင်ကြည့်လုပ်မယ်တဲ့၊ ကျွန်မလည်း စကားပြောမတည့်တာနဲ့ ဘာမှကိုဆက်ပြောမလာတော့ဘူး"

"ဪ တခုရှိရဲ့ရှင်"

"ဘာလဲပုလဲ"

ညွှန်းက ထိုင်ချလိုက်၏။

"အမွေခံစာရွက်မယ် အဲဒီအိမ်ကို စံကားဝါ့ဆီပေးထားခဲ့တယ်တဲ့၊ ဦးလေးမျိုးမြင့် ဒါတွေပါ လုပ်ထားလိမ့်မယ်ထင်မထားဘူး"

"မနက်ဖြန်ဘာဖြစ်မယ်ဆိုတာမသိနိုင်တဲ့လောကကြီးမှာ ယုတ္တိရှိပါတယ်၊ ဝါ့အတွက်အဆင်ပြေသွားတာပေါ့"

ချစ်ပါရစေ ပုလဲသွယ်Место, где живут истории. Откройте их для себя