အခန်း ၃၃ unicode

5.6K 335 3
                                        

"ပဲ မကြိုက်ဘဲနဲ့ ဘာလို့မှာလဲ"

"မင်းကြိုက်လို့လေ"

"ကြိတ်မှိတ်စားမနေနဲ့၊ မစားချင် ဒီဆီထည့်"

"အခုမကြိုက် နောက်ကြိုက်လာမှာပေါ့"

ညွှန်းက ဆိတ်သားတုံးကို ဇွန်းခရင်းနဲ့ စိတ်ရှည်ရှည်ထိုးဖဲ့နေ၏။ မျှစ်ကြော်တွေကိုလည်း ကော်ယူနေပါသေးသည်။

"တော်ပြီ၊ ဝပြီ"

"အသားတွေစားဦး"

သူ့ပန်းကန်ထဲက ဖဲ့ပြီးသား ဆိတ်သားတွေကို ဟန့်ထဲထည့်ပေး၏။ ဟန်ကတော့ ထမင်းမကုန်ပေ။

"မဆာဘူးလား၊ မနက်က လက်ဖက်နဲ့ထမင်းက ရင်ပြည့်သလားမသိ၊ လိုလိုမယ်မယ် ဆေးသောက်ထား"

သူမ အိတ်ထဲမှ အစာကြေဆေးဘူးကိုထုတ်ပေး၏။

ဗိုက်ကဆာနေပါသည်။ သို့ပေမဲ့ ညွှန်း အကြောင်းတွေက ခေါင်းထဲမယ်အပြည့်ဖြစ်နေတာမို့ စား မဝင်နိုင်။ မောင့်ပုလဲကတော့ သိမယ်မထင်။

ဆာနေရှာတဲ့ ညွှန်းဟာ တစ်ပန်ကန်လုံးကို ကုန်လုနီးပါးပင်။ ဟန် စိတ်ဝင်တစားမေးထောက်ငေးတော့ သူမလေး ရှက်နေဟန်။

"ကြည့်နေရင် ကျွန်မဆက်မစားဘူးနော်"

"မကြည့်တော့ပါဘူးဗျာ၊ စားတာကအစ ကျက်သရေရှိလွန်းလို့လေ၊ မှားလား"

"မှားတယ်၊ သူများစားတာ စိုက်မကြည့်ကောင်းဘူးကွဲ့"

"အဲဒီလိုရှိတာလား"

"ဒါဖြင့် အခုနေမဆာရင် အိမ်ကျမှ ကျွန်မ တခုခုလုပ်ပေးမယ်၊ ဘာစားချင်သလဲ ပြော"

"ညွှန်းပုလဲသွယ်ကို"

ညွှန်းဟာ စားလက်စ ဇွန်းနဲ့ခရင်းကို ချွမ်ခနဲမြည်အောင်ချ၏။ ဘေးဝိုင်းကလူတွေလှမ်းကြည့်နေတာမို့ ဟန် မျက်စိမှိတ် အရိပ်အကဲပြရသည်။

"ခင်ယမုံ၊ စကားကောင်းကောင်းမပြောရင် ဟောဒီက လက်ဝါးနဲ့ မင်း ပါး တစ်ထပ်တည်းကျသွားမယ်နော်"

အံကြိတ်ပြီးပြောလာတာကြောင့် ဟန်က သူမလက်ဝါးနဲ့ ပါးပြင်ကို အလန့်တကြား ပွတ်သပ်မိသည်။ သူ တကယ် လုပ်မယ့်ပုံလေ။

ချစ်ပါရစေ ပုလဲသွယ်Hikayelerin yaşadığı yer. Şimdi keşfedin