part 25

575 27 2
                                    

ဆံမြတ်ချ လှပါပေ့...🌻

အပိုင်း((၂၅)

မင်္ဂလာခန်းမကြီးရဲ့အလည် အဖြူရောင်သတို့သမီးလေးမှာ သူမဖခင်၏လက်ကိုချိတ်လို့တစ်လှမ်းချင်းလှမ်းလို့လာသည်။

သတို့သားမှာလည်း သူမခြေလှမ်းတိုင်း၌ ရင်ခုန်စိတ်လှုပ်ရှားစွာ သတို့သမီးကိုစောင့်စားလို့နေ၏။

သူ အမြတ်နိုးဆုံးမိန်းကလေးကိုပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အသိက လူကို ရူးသွားနိုင်စေသည်။

သူမယုံနိုင်စွာ အလှပဆုံးသောသတို့သမီးလေးကိုငေးကာ အတိုင်းအဆမဲ့ပျော်ရွှင်မှုတို့က ရင်ကို တုန်ခါစေသည်။

သူမဖခင်လက်ထဲမှ သူတို့သမီးအားသူ့လက်ထဲ လွှဲပြောင်းလာစဉ် သူလည်းသူမလက်လေးကိုတယုတကမ်းလိုက်သည်။

"ကဲ့ မင်္ဂလာသတို့သား မောင်သူရနေဝန်းနဲ့ မင်္ဂလာသတို့သမီး မငုဝါခိုင်တို့ကို ရေစင်သွန်းလောင်း လက်ထပ်ထိမ်းမြားခြင်း အစီအစဉ်စတင်မှာဖြစ်ပါတယ်"

ဘိသိတ်ဆရာ၏စကားအဆုံး သူတို့နှစ်ဦး၏လက်တစ်ဖက်စီကိုယှက်၍သန့်စင်သောအတတ်စဖြင့် ရစ်ပတ်ချည်နှောင်ကာ နှစ်ဖက်မိဘများမှ ရေစင်သွန်းလောင်း ကြသည်။

သူကသာ အတိုင်းအဆမရှိပြောနေသော်လည်း ဘေးမှသူ့ရဲ့သူတို့သမီးလေးကတော့ထိုခမ်းမနှင့်အ‌ေဝးဆုံးသို့စိတ်တို့လွင့်ပါးနေလေသည်။

သတို့သမီးမှသတို့သားလက်ကိုချိတ်၍ ရွှေပွဲလာဧည့်ပိရိတ်သတ်များကို လိုက်လံ ဧည့်ခံနေစဉ် ခန်းမ၏တံခါးနောက်ကွယ်မှ လူတစ်ယောက်ဟာလည်း မျက်နှယမရယ်မပြုံးနှင့်သတို့သမီးလေးကို လွမ်းလွမ်း‌ေ‌ဆွဆွေချောင်းငေးနေရှာသည်။

ခု‌တော့ မိုးနဲ့မြေလိုဘဝတွေခြားသွားခဲ့ပေမယ့်သူမစွန့်လွှတ်နိုင်သေးတာ ခက်သည်။

ရင်ဘတ်ထဲမှာလည်းတစ်ဆစ်ဆစ်နှင့်နာကျင်ကာ ‌ဝမ်းနည်းကြေကွဲခြင်းတို့ကရင်နှင့်မမျှပြည့်ကျပ်လို့နေသည်။

မ ကျေးဇူးပြုပြီး ပျော်နေပေးပါ....

မ ပျော်နေတာလေးပဲ မြင်ချင်တယ် မရယ်....

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now