part 11

303 10 4
                                    

ဆံမြိတ်ချ လှပါပေ့....🌻

အပိုင်း(၁၁)

"ဖိုးသာထူး ဟေး ....ဖိုးသာထူး ဘယ်မှာလဲ ဖိုးသာထူးရေ"

ထူးသာကျောင်းပိတ်ရက်မို့ ဦးဇင်း‌များနေ့ဆွမ်းဘုန်းပြီးချိန် ပန်းကန်းခွက်များဆေးကြောနေစဉ် အပြင်ဘက်မှ ကိုဖိုးထောင်၏အော်သံကိုကြားလိုက်ရ၍ ခအပြင်ဘက်သို့ခေါင်းထောင်ကြည့်လိုက်မိသည်။

"တကာလေးကို ခေါ်နေတယ် ထွက်ကြည့်လိုက်လေ"

"တင့်ပါ"

သူနှင့်တူတူဝိုင်းကူနေသော ကိုရင်ကြီး မှ ပြောလာ၍ သူလည်း လက်ရေသုတ်ကာဆွမ်းစားဆောင်ဘက်မှထွက်လာခဲ့လိုက်သည်

"ကို‌ဖိုးထောင် ကျွန်တော်ဒီမှာ"

သူလှမ်းအော်ခေါ်လိုက်၍ ‌ကိုဖိုးထောင်၏ ဓမ္မာရုံဘက်ဦးတည်နေသော ခြေလှမ်းများ သူရှိရာ ပြောင်းလျှောက်လာသည်မှာ လျင်မြန်စွာ။

"ဖိုးသာထူး မြန်မြန် ‌မင်းအမေသင်း ရုတ်တရက်လေဖြန်းလို့ ဆေးရုံကိုမင်းလိုက်ခဲ့"

"ဗျာ..အမေသင်း လေဖြန်းတယ် ဘယ်လိုဖြစ်တာလဲ ခု ဘယ်ဆေးရုံပို့လိုက်တာလဲ"

သူ ရင်ထဲ စိုးရိမ်ကာ ကိုဖိုးထောင်လက်မောင်းကိုဆုပ်ကိုင်၍ အလောတကြီးမေးလိုက်သည်။

ကိုဖိုးထောင်မှပြေးလွှားလာရ၍ မောလျက် အသက်ကိုလှရှူနေကာ

"အေ အဝတ်လျှော်နေရင်း ဖြစ်တာတဲ့ ခု ဒေါ်ရီတို့ဆိုက်ကားငှားပြီးဆေးရုံကိုသွားကြတယ် မေသင်းကြိုင်တော့ ဒေါ်လှမြင့်နဲ့အိမ်မှာကျန်ခဲ့တယ် မြို့ထဲကဆေူရုံပဲ ငါဆေးရုံလိုက်သွားဖို့မင်းကိုလာခေါ်တာ"

ထို့ကြောင့် သူတို့နှစ်ယောက်လည်းသုတ်ကြီးသုတ်ဖျာဖြင့် ကျောင်းမှဆိုင်ကယ်ဖြင့် ဆေးရုံသို့လိုက်သွားရသည်။

....

ဒေါ်သင်းသင်းမှာ နှစ်ပေါင်းများစွာ အဝတ်လျှော်စားလာသူမို့ ထဘီရေစိုဖြင့် နေ့စဉ်ရက်ဆက် အဝတ်လျှော်ကာ အအေးမိထားသည့်ဒဏ်တွေစုကာ ဆေးရုံရောက်ချိန် လေဖြတ်သွားမှန်းသိလိုက်ရသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now