Ep.6

257 8 0
                                    

"ဝေ ကိုယ်တို့ နောက်နှစ်လမဟာတန်းပြီးရင် ကိုယ်USကိုစကော်လာဆက်လျှောက်ချင်တယ် ဝေရော ကိုယ်နဲ့တူတူစကော်လားကိုယ်နဲ့တူတူစကော်လားလျှောက်ပါလားဟင်"

သုတအောင်သည် သူ၏ချစ်သူမိုးသက်ဝေ၏ပုခုံးလေးကို ကိုင်လျက် မျက်နှာချင်းဆိုင်ကာ လေးလေးနက်နက်ပြောလိုက်သည်။

သို့သော် သူ့ဘက်ကအားတက်သရောပြောနေသလောက် ဝေကတော့ အင်မလုပ်အဲ့မလုပ်နှင့် တွေဝေနေသော ဝေ့ပုံစံကြောင့် သူအားမလိုအားမရဖြစ်ရသည်။

"ဝေတော့ မပြောတက်ဘူး ကိုရယ် အိမ်မှာ ဝေက တစ်ဦးတည်းသောသမီးဆိုတော့ ဖေဖေမေမေတို့ကိုမထားခဲ့ချင်ဘူး ဖေဖေမေမေတို့လည်း ဝေ့ကိုစိတ်မချလို့ခွင့်ပြုမယ်မထင်ပါဘူး ကိုရယ် နောက်ပြီး ဝေ့ ဖေဖေဆိုင်ကြည့်ဖို့ကလည်း ဝေ့အပြင် သည့်ပြင်လူဘယ်မှာရှိလို့လဲ "

"ဝေကလည်း ကွာ ...အဲ့လိုသာလိုက်တွေးနေမယ်ဆို ကိုယ်လည်း ဘာထူးလဲ ကိုယ့်ကအိမ်မှာသားကြီး ကိုယ်အောက်မှာ ညီလေးနဲ့ညီမလေးကလည်း ငယ်သေးတယ် မေမေကလည်း ဖေဖေမရှိတော့တဲ့အချိန်ကစပြီး ကျောက်ပွဲစားအလုပ်လေးနဲ့ကိုယ်တို့သားသမီးသုံးယောက်ကို ပညာတက်ကြီးဖြစ်အောင်ထားပေးခဲ့တာ ခုဆို ကိုယ်ရန်ကုန်မှာကျောင်းလာတက်တော့ မိုးကုတ်မှာ ကိုယ်မိသားစုနဲ့ခွဲနေရတယ် ကိုယ့်အစီအစဉ်ကိုမေမေ့ကိုပြောပြတော့ မေမေကအားတက်သရော ထောက်ခံတယ် ကိုယ့်ဖြစ်ချင်တာကို ကြိုးစားဖို့နဲ့ သူ ကိုယ့်အတွက်အမြဲဂုဏ်ယူနေတယ်လို့မေမေကပြောတယ် "

ထိုအခါ ဝေက မျက်နှာလေးညှိုးငယ်လျက် မျက်နှာကိုအောက်ငုံ့ချလိုက်လေသည်။

သူ့မှာတော့ ဝေ့ကိုကြည့်ရင်း စိတ်မနည်းရှည်အောင်ကြိုးစားနေရကာ မချိ့မရဲဖြင့် ဝေ့မေးဖျားကိုပင့်ယူ၍ မော့စေချိန် ဝေက သူ့အား မျက်ရည်လေးဝ‌ဲဝဲဖြင့်ကြည့်လာသည်။

"ကဲ ဘယ်လိုလဲဝေ ကိုယ်နဲ့ ကိုယ်တို့အနာဂတ်အတွက်တူတူကြိုးစားကြမယ်မဟုတ်လား"

"ဝေ မသိဘူး ကို....ဝေ မေမေတို့နဲ့မခွဲနိုင်ဘူး မေမေတို့ကိုလည်း မထားခဲ့နိုင်ဘူး"

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now