Chapter 96- စိတ်ခံစားချက်

1.3K 306 25
                                    

Unicode

" နှစ်စတုန်းက စာမေးပွဲအဆင့်တွေပဲ... သူတို့ ကျောင်းစာမှာ အာရုံမရှိဘူးနဲ့တူတယ်.. သုံးယောက်လုံးက အတန်းထဲမှာ နောက်ဆုံးပဲ"

နောက်တစ်နေ့ မနက်တွင် စုံစမ်းရေးအဖွဲ့က ဟုန်းဟိုင်အမှတ်ခြောက်ကျောင်းသို့ ထပ်ရောက်လာကြပြန်သည်။ ဆရာမဖြစ်သူကလဲ အရင်နေ့တွေက အထပ်ထပ် အခါခါ ပြောခဲ့ပြီးသားစကားကိုသာ ပြန်ပြောနေရသည်။
" သူတို့တွေက အတန်းထဲမှာ စာသင်လဲ ဖုန်းပဲဆော့နေကြတာ... ဆူလဲ နားမထောင်ဘူး.. အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မနဲ့သူတို့ကြားက ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်ပါဘူးရှင်... မနှစ်က ကျောင်းပိတ်ခါနီး သူတို့နဲ့ စကားတစ်ခါပြောကြည့်သေးတယ်.. သူတို့ကြောင့် အတန်းထဲက တခြားကလေးတွေကို အနှောင့်အယှက် မဖြစ်စေဖို့.. ကျန်တဲ့ဟာတွေကိုတော့ ကျွန်မလဲ ဂရုလိုက်မစိုက်နိုင်ဘူးလို့"

မနှစ်ကမှ စာစသင်ပေးရသော ဆရာမဖြစ်သူမှာ ထိုကျောင်းသားလေးများအကြောင်းကို သေချာသိပုံမရ။

" ဒီတိုင်းပဲ လျစ်လျှူရှုထားလိုက်တယ်ပေါ့"
မှုခင်းစုံစမ်းရေးအရာရှိက မှတ်တမ်းရေးနေရင်း ပြန်မေးသည်။

" လူတွေကို ပြောင်းလဲဖို့က အတော်ခက်တယ်ရှင့်"
ဆရာမက သက်ပြင်းတစ်ချက်ချ၍ ပြန်ဖြေသည်။
" ကျောင်းသားတွေကို ပထမဆုံးအကြိမ်စာသင်တုန်းက ကျွန်မကိုယ်တိုင်လဲ စိတ်အားထက်သန်မှု အပြည့်နဲ့ပဲလေ... ဒီလိုကလေးမျိုးကို ပြောင်းလဲနိုင်တယ်လို့ကို ယုံကြည်ခဲ့တာ.. ဒါပေမဲ့ ကျွန်မ တကယ်မလုပ်နိုင်ခဲ့ဘူး.. သူတို့ကို ထိန်းချုပ်ဖို့ဆိုတာ အတော်လေးခက်ခဲတယ်.. သူတို့တွေကို ဘွဲ့ရအောင် ကြိုးစားသင်ပေးရုံကလွဲပြီး ကျွန်မ ဘာမှမတတ်နိုင်ဘူး"

ထိုစကားပြောနေစဉ် သူမအနားသို့ လူနှစ်ယောက် ရောက်လာသည်ကို သတိထားမိသည်။ ထိုနှစ်ယောက်မှာ အရင်နေ့က တောအုပ်လေးထဲတွင် ရှိနေခဲ့သူများပင်။ များပြားလှသော ယူနီဖောင်းဝတ် ရဲများအကြားတွင် သူတို့နှစ်ယောက်သာ အပြင်ဝတ်စုံနှင့် စမတ်ကျနေသည်ဖြစ်၏။

ထိုသူနှစ်ယောက်က တံခါးဝမှနေ၍ အချင်းချင်း ယှဉ်လျက်သား လျှောက်လာကြသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now