Chapter 88- လျှို့ဝှက်အခန်း

1.3K 300 26
                                    

Unicode

ရေခဲတိုက်အခန်းမှာ ဆယ်မီတာ အကျယ်အဝန်းရှိသည်။

ချီချင်းနှင့် ရှဲ့လင်တို့မှာ အလောင်းကောင်များကြား ရပ်နေကြခြင်းဖြစ်၏။ စောစောက ချီချင်း ထိမိထားသော အလောင်းက သူတို့ဘေးတွင်ရှိသည့် သံကုတင်ပေါ် လှဲနေသည်။ သာမန်အမြင်အရ ပိန်ပါးပါး ယောက်ျားတစ်ဦးဖြစ်ကာ အရပ် ၁၇၈ စင်တီနီးပါး မြင့်၏။

ထိုအမျိုးသား၏ အလောင်းမှာ တောင့်တင်းနေကာ တစ်ကိုယ်လုံးတွင် အရေပြားများ အခွာခံထားရသဖြင့် ကြွက်သားနှင့် အရိုးများသာ ကျန်တော့သည်။ အရိုးစုကတော့ အကောင်းအတိုင်းကျန်ကာ နီရဲနေသော ကြွက်သားများက တစ်ကိုယ်လုံးကို ပတ်ထား၏။

ထိုအရာမှာ ပုံမှန်လျှို့ဝှက်ခန်းများတွင် သုံးသော ရုပ်ပြပစ္စည်းနှင့် ကွဲပြားသည်။ ဆေးကျောင်းများတွင် သုံးသော ဆေးရည်စိမ် လူသားအစိတ်အပိုင်းများနှင့် ပိုတူ၏။

အဆိုပါ အလောင်းမျိုးကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်ရန်အတွက် အလောင်းကောင်များကို အရင်ဆုံး ဆေးကြောသန့်စင်ကာ ဆေးရည်စိမ်ထားသော ကန်ထဲ ထည့်၍ အရေပြားတစ်ခုချင်း ခွာပစ်ရမည်ပင်။

ပုပ်သိုးလွယ်သော အစိတ်အပိုင်းများကို တစ်ခုမကျန် ဖယ်ထုတ်ပစ်ရန်က အတော်အရေးကြီးသည်။

ရှဲ့လင်နှင့် ချီချင်းတို့နှစ်ယောက်သား အမှောင်ခန်းထဲ တစ်ယောက်ကိုတစ်‌ယောက်ကြည့်ရင်း အဖြေကို ရှာတွေ့သွားကြသည်။

ထို့နောက် ချီချင်းနားထဲ ရှဲ့လင်၏ အက်ကွဲကွဲအသံလေး ဝင်ရောက်လာခဲ့သည်။
~~~ ဒါက သာမန်ရုပ်ပြပစ္စည်း မဟုတ်လောက်ဘူး~~~

~~~ တကယ့်အလောင်းကောင်ပဲ ~~~

အကယ်၍ သာမန်လူတစ်ယောက်သာ ‌ဆိုပါက ဒီအလောင်းကောင်မျိုးကို သတိထားမိမည်မဟုတ်။

သို့သော် သူတို့နှစ်ယောက်က အလောင်းကောင်များနှင့် ကျွမ်းဝင်မှုရှိသည့်အတွက် သာမန်လူများထက်တော့ အလောင်းအစစ်အတုကို ကောင်းမွန်စွာ ခွဲခြားနိုင်သည်။

ထို့အပြင် ပြုတ်ကျလာသော ‌လက်သည်းမှာ မဟော်ဂနီရင့်ရောင် သန်း၍ ညိုပုပ်နေသည့်အတွက် ပုပ်လွယ်သည့် အစိတ်အပိုင်းများ ဖယ်ထုတ်ရာတွင် သတိမထားမိပဲ ကျန်နေခဲ့သည့် အပိုင်းအစတစ်ခုသာ ဖြစ်၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now