Chapter 86- A Hug

940 290 33
                                    

Unicode

ဒေါက်တာဝူ : " ဟဲလို ချီချင်းလား..  ကျွန်တော်ပါ"

" ခင်ဗျား အဆင်ပြေရဲ့လား ခုနက ခင်ဗျားအသံ တစ်မျိုးကြီး ဖြစ်နေလားလို့"

နာရီဝက်အကြာတွင်တော့ ဒေါက်တာဝူတစ်ယောက် ဆေးခန်းအချိန်ပြန်ညှိနိုင်ရန် ချီချင်းကို ဖုန်းပြန်ဆက်သည်။ စောစောက ဖုန်း ဘယ်သူကိုင်သည်ဆိုသော ခေါင်းစဉ်ကိုတော့ လုံးဝကျော်ချသွားကာ ‌မေးလိုက်သည်။
" ကျွန်တော် မေးစရာလေးရှိလို့ပါ.. ဒီနေ့ ဆေးခန်း လာဦးမှာလားလို့လေ..."

ထိုအချိန်တွင်တော့ ချီချင်းမှာ ရှဲ့လင်လက်ထဲမှ ရုန်းထွက်လာခဲ့သော်လဲ နားရွက်လေးများ နီရဲနေဆဲပင်။

ထို့နောက် ရှဲ့လင်က အေပရွန်ဝတ်ကာ မီးဖိုထဲမှ ထုတ်ထားသော အသားညှပ်ပေါင်မုန့်ကို နှစ်ခြမ်းလှီးနေသည်။

အမွှေးလုံးသည်လဲ စားသောက်ပြီး၍ ချီချင်းကို ပျော်ရွှင်စွာနှင့် မြောင်သံ ပေးလိုက်သည်။ ထို့နောက် မီးဖိုခန်းထဲအထိ မဖိတ်ခေါ်ပဲ ရောက်လာသော ဟိုလူကြီးကိုတော့ သွားဖြဲပြ၏။
" မြောင် မြောင် မြောင် ( ဘယ်တော့ပြန်မှာလဲ.. စိတ်ညစ်ဖို့ကောင်းတဲ့ လူကြီးရဲ့) "

ရှဲ့လင်က အမွှေးလုံးလေးကို တစ်ချက်ကြည့်သည်။
" ဒီကောင်လေးက ငါ့ကို ဆူနေတာပဲ"

အမွှေးလုံးနှင့် စကားပြောနေသည်ဆိုပေမဲ့ ချီချင်းဖုန်းပြောသည်ကိုလဲ ရှဲ့လင်နားစွင့်နေမိသည်။

ရှဲ့လင်က လက်ထဲမှ ဓားထောင်ပြသည်။
... သဘောတူရဲ တူကြည့်....

ဒီရက်ပိုင်း ရှဲ့လင် အမွှေးလုံးကို အစာလာလာကျွေးကတည်းက ဒီလိုနွေးထွေးသည့် အိမ်အငွေ့အသက်ကို ချီချင်း အသားကျနေခဲ့ပြီဖြစ်၏။ ရှဲ့လင်၏ လုံးဝကြောက်စရာမကောင်းသော ခြိမ်းခြောက်မှုကို ကြည့်ပြီးနောက် မျက်နှာလွှဲကာ ပြန်ဖြေသည်။
" အားနာပါတယ်ဗျာ.. ကျွန်တော် မလာဖြစ်တော့ဘူး"

‌တစ်ဖက်မှ ဒေါက်တာဝူ : "ဪ"

သူ အာခြောက်သည်အထိ ဆွေးနွေးခဲ့ရသော အ‌ချိန်များ အလကား မဖြစ်ခဲ့။ သူ့တစ်သက်တာ၏ အခက်ခဲဆုံးလူနာနှစ်ယောက်က တစ်ခုခုရှာတွေ့သွားကြပြီ ထင်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now