Chapter 19 - ထိန်းမရတော့ခြင်း

1.3K 286 25
                                    

Unicode

ညနက်လာသည်နှင့်အမျှ ဘားတွင် လူရှုပ်လာသည်။ အဆိုတော်ကလဲ အဆုတ်ပေါက်ကွဲထွက်မတတ် သီဆိုနေ၏။ အရက်တစ်ငုံသောက်ပြီးသည်နှင့် ခွက်ကိုင်ထားသော ချီချင်း၏ လက်ချောင်းလေးများ ချက်ချင်း ရပ်တန့်သွား၏။ အယ်ကိုဟောဓာတ်က နှုတ်ခမ်းမှတဆင့် လျှာဖျားထဲအထိ စိမ့်ဝင်သွားခဲ့သည်။

ရှဲ့လင်မှာထားသော အရက်မှာ အရောင်မရှိသော်လဲ အယ်ကိုဟောပါဝင်မှုနှုန်းက အတော်လေးများသဖြင့် လည်ချောင်းထဲ မီးခဲမျိုချလိုက်ရသလို ခံစားလိုက်ရ၏။

ချီချင်းမှာ လည်ချောင်းတစ်ခုလုံးသာ မီးလောင်သည်ဟု ခံစားနေရသည်မဟုတ်။ နားနှစ်ဖက်လုံး ပေါက်ထွက်လုနီးပါးပင် ဖြစ်နေ၏။ အယ်ကိုဟောဓာတ်က သူ့ခြေ လက် အရိုးများအပြင် ဦးနှောက်အထိ ပျံ့နှံ့၍ ပူထူလာသည်။

အမှန်တကယ်တော့ သာမန်အလင်းရောင်အောက်တွင် အဆိုပါခွက်နှစ်ခွက် မတူသည်ကို သိနိုင်သည်။ ဘယ်လိုပဲ အရောင်မရှိသော အရက်ဟုပြောပြော သံပုရာရည်လောက် အရောင်မဖျော့နိုင်။ သို့သော် ဘားထဲမှ ရောင်စုံအလင်းများအောက်တွင် အတိမကျမခွဲခြားနိုင်သောကြောင့် ဒုက္ခတွေ များကုန်ခြင်းဖြစ်၏။

သူ့တုံ့ပြန်မှုကြောင့် စားပွဲထိုးက ပျာပျာသလဲ ဖြေရှင်းချက်ပေးနေသည်။
" တောင်းပန်ပါတယ်ဗျာ.. စောစောက စားပွဲသုတ်တုန်းက သတိမထားမိလိုက်လို့ပါ..  ကျွန်တော် ပြန်ပြင်ပေး..."

စားပွဲထိုး သူ့ကိုပြောနေသည့်စကားများအား ချီချင်းမကြားရ။ နားထဲတွင် ဗလုံးဗထွေး အက်ကွဲကွဲ အသံများသာ ကြားနေရသည်။
~~~ အချိန်မြန်မြန်ကုန်ပြီး အလုပ်မြန်မြန်ဆင်းရမှ ဖြစ်မှာ.. အလုပ်ပဲ ဆက်တိုက်လုပ်နေရတာ နှစ်ပတ်တောင် ရှိပြီ... ရှိတဲ့ရည်းစားကလဲ သူ့ကို အဖက်မလုပ်လို့ မကြည်ဖြူတော့ဘူး.. မနေ့ကပဲ လက်ထပ်ဖို့အကြောင်း မေးသေးတယ်.. ငါ့မှာ အိမ်လဲမရှိ ပိုက်ဆံလဲမရှိသေးဘူး.. ပြီးတော့ အမျိုးတွေလဲ အများကြီးရှိသေးတယ်~~~

စားပွဲထိုးကောင်လေးမှာ အလုပ်ထဲ စိတ်မဝင်စားပဲ ထွေရာလေးပါး လျှောက်တွေးနေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now