Chapter 20 - လူသတ်မှု

1.2K 262 15
                                    

Unicode

ရုံးပြန်ဖွင့်သည့် ပထမဆုံးရက်မှာတင် ကျိမင်ရွေ့ ဆုရှောင်းလန်နှင့် ကျန်းယွီတို့ကို ဝူကျီပင်းက ခေါ်တွေ့သည်။

ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် ဝူကျီပင်းက တခြားအဖွဲ့များ၏ တင်ပြချက်များကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
" မနေ့က သန်းခေါင်ယံ လေးနာရီအချိန်လောက်တုန်းက ယန်ယွမ်ရပ်ကွက်မှာ လူသတ်မှုတစ်ခုဖြစ်ခဲ့တယ်"

လူသတ်မှုဆိုသော စကားကြောင့် ကျိမင်ရွေ့တစ်ကိုယ်လုံး မတ်မတ်ရပ်ကာ နားစွင့်လိုက်သည်။ ဆုရှောင်းလန်နှင့် ကျန်းယွီသည်လဲ ထို့အတူပင်။

သူတို့သုံးယောက်လုံး လူသစ်လေးများသာဖြစ်သည့်အတွက် လူသတ်မှုဆိုသည်နှင့် သိပ်တော့မဆိုင်ကြသေး။ လူသတ်မှုနှင့် ဆက်စပ်‌သည်ဆိုသော အမှုများကို သူတို့လုပ်နေရပြီဆိုရင်တောင်မှ တကယ့်လူသတ်မှုများ ပါလာခဲ့ပါက တခြားအဖွဲ့ကို လွှဲပေးလိုက်ရသည်။ ထို့ကြောင့် ဝူကျီပင်း သူတို့ကို ထိုစကားမျိုးပြောသည့်အတွက် အံ့ဩနေကြ၏။

" အသတ်ခံရတဲ့သူက ၂၃နှစ် မိန်းကလေး.. နာမည်ရင်းက ယန်ကျန်းကျန်း.. သူ ဟွားနန်မြို့ကိုရောက်တာ သိပ်မကြာသေးဘူး.. ကောင်လေးရှိလို့ လိုက်လာတာ.. တစ်လပဲရှိသေးတယ်"
ဝူကျီပင်းက ဆက်ပြောသည်။
" အိမ်ပိုင်ရှင် တံခါးသွားခေါက်တော့ ဘယ်သူမှ ပြန်မဖြေလို့ဆိုပြီး တံခါးဖွင့်လိုက်မှ အိပ်ရာပေါ်မှာ သေနေတာကို တွေ့တာ"

ဝူကျီပင်းက ပြောရင်းဆိုရင်း ကွန်ပျူတာကို သူတို့ဘက်လှည့်ပြသည်။

ဖန်သားပြင်ပေါ်တွင် အခင်းဖြစ်စဉ်မှ ဓာတ်ပုံတစ်ပုံကို ပြထားသည်။ ရိုးရှင်းသော တိုက်ခန်းတစ်ခန်းဖြစ်ကာ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာပါ၏။ မိန်းကလေးမှာ အိမ်ပြောင်းလာပြီးနောက် အတွင်းပိုင်းကို သေသေသပ်သပ် ပြင်ဆင်ထားပုံရသည်။ ဗီရိုအသစ် ကော်ဇောအသစ်.. ယုတ်စွအဆုံး လိုက်ကာများကိုပင် အသစ်လဲထားသေးသည်။ လိုက်ကာအနားသားများကို ဖဲကြိုးနှင့် ချည်ထားသော်လဲ ထိုနေရာမှာ အခုတော့ ‌သွေးများစွန်းပေနေ၏။ ကြောက်စရာကောင်းသော လက်ဝါးရာကြီးတစ်ခုပင် ရှိနေသေးသည်။ မသေခင်က ထိုဖဲကြိုးနှင့် အချုပ်ခံထားရသည်ကို ပြနေ၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now