Part (7)

326 21 1
                                    

#Unicode

မိုးည ဒီနေ့အတွက် အလုပ်တွေ အဆုံးသတ်ပြီး ရုံးဆင်းချိန် ကျရောက်လာပြီမို့ အလုပ်ဆင်းဖို့ ပြင်လိုက်သည်၊ တဆက်တည်း အိမ်အတွက် လိုအပ်တာလေးတွေ ဝယ်ဖို့ ရှော့ပင်းမောလ်ထဲ ခဏဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

Mallထဲ ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ရင်း တစ်နေရာအရောက် တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်မှောင်ကြုံလိုက်မိသည်။
စားသောက်ဆို်င် တစ်ခုထဲမှာ အတူ ရှိနေတဲ့ ဆက်ဟန်ရှင်းနဲ့ ၊ သူ့မျက်နှာချင်းဆိုင်မှာက ချစ်စရာကောင်လေးတစ်ယောက်...
မိုးညဘက်ကစူးစိုက်ကြည့်နေတာကို တဖက်ကခံစားမိလို့ထင်..ဟန်က သူ့ဘက်လှည့်ကြည့်လာတယ်။
သူ့ကို မြင်သည်နှင့် ဟန်က အ့ံသြ သွားဟန်နဲ့အတူ မျက်နှာ တချက်ပျက်သွားသလို ဖြစ်သွားပေမဲ့ ပြန်ပြီး အမူအယာထိန်းလိုက်ပုံပေါ်တယ်။ထို့နောက် ဟန် သည် ထိုင်နေရာမှာ မိုးည ရှိရာဆီ လျှောက်လာပြီး....

"ကိုကို ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."

"အိမ်အတွက် လိုအပ်တာတွေ လာဝယ်တာ ဘာလဲ ငါက လာလို့မရတဲ့ နေရာဖြစ်နေလို့လား..."
မိုးည ဒေါသထွက်နေတာကြောင့် လေသံတွေက မာလို့ နေသည်။

"အဲ့ဒီလိုလည်း မဟုတ်ပါဘူး...အာ ဒါနဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးရအုံးမယ် ကိုကိုလည်း လိုက်ခဲ့လေ...."

မိုးည စိတ်မပြေသေးပေမဲ့ ဟန့်ဘက်က အခြေအနေကို သိချင်တာကြောင့် ဟိုကောင်လေးရှိရာဝိုင်းဆီ သူပါ အတူတူ လိုက်သွားလိုက်သည်...

"ကိုကို သူ့နာမည်က သူရလင်္ကာတဲ့ ကျွန်တော့်ရဲ့ ကျောင်းနေဘက်လည်းဖြစ်၊ ဂျူနီယာလည်းဖြစ်တယ်လေ...သူရ ဒါ ငါ့အမျိုးသား ကိုမိုးညစေညွှန်"

"တွေ့ရတာ ဝမ်းသာပါတယ် ကိုမိုးညစေညွှန်.."

"ကိုယ်လည်း ဝမ်းသာပါတယ်"
သူရလင်္ကာဆိုတဲ့ ကောင်လေးဘက်မှ လက်ကမ်းပေးလာတာမို့ သူ အလိုအထိုက် လက်ဆွဲနှုတ်ဆက်လိုက်သည်...

ဆက်ဟန်ရှင်း အချင်းချင်း လက်ဆွဲနှုတ်ဆက်နေကြတဲ့ သူနှစ်ယောက်ကို ကြည့်ပြီး နှာခေါင်းရှုံလိုက်ရင်း ချိတ်လျက်ရှိနေတဲ့ ကိိုကို့လက်ကို သူ့ဘက်ပြန်ဆွဲလိုက်သည်။ ထို့နောက် သူရရဲ့ ပိုရန်ကော ဆိုတဲ့ အကြည့်ကို လျစ်လျူရှုလိုက်ပြီး ချောင်းတချက်ဟန့်လိုက်ကာ...

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

HAN(ဟန်)Where stories live. Discover now