27

605 77 139
                                    

#unicode

ညစျေးတန်းကနေ ပြန်လာပြီးထည်းကအထုတ်ကြီးသယ်လို့ သူ့သူငယ်ချင်းတွေနဲ့အခန်းထဲသို့
ပြန်သွားသည်။ထယ်ယောင်းမသိခင်လေးကို ပစ္စည်းတွေသိမ်းထည့်ပြီး သူငယ်ချင်းတွေရဲ့ အခန်းထဲသာ သွားနေတော့သည်။

အခန်းထဲရောက်ပြန်တော့ ယူဂွန်းရဲ့ခရီးဆောင်အိတ်ကို ခြေထောက်ဖြင့်ကန်လို့ ကုတင်ပေါ်လှဲချကာဖုန်းကြည့်နေသည်။ဟိုသုံးယောက်ကတော့
ဂုကီးဘက်ကိုကြည့်ရင်း အခြေအနေကိုသိတာမို့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြရင်း
ငြိမ်နေကြသည်။ကြောက်လို့။

" ဟေ့ကောင်တွေ Fridge,ထဲမှာဝိုင်ပြင်းပြင်းတွေ
ရှိလား။ငါသောက်ချင်တယ်။ပြင်းတာပဲနော်။ပါးပါးလေးဆို ငါမသောက်ချင်ဘူး။ "

ဖုန်းကြည့်နေရင်းမှ ဂုကီးကပြောလာတော့ သုံးယောက်သား ဂုကီးဘက်သို့ကြည့်လာကြသည်။
ဂုကီးကတော့ ဖုန်းကိုပြန်ကြည့်နေလျက်သာ။
ထိုထဲမှမင်ဗြောက ဂုကီးအမေးကိုမဖြေသေးဘဲ
ယူဂွန်းနဲ့ဒုံယောင်းအနားကပ်ကာ ပြောသည်။

" သူလိုချင်တာဖြည့်ပေးလိုက်။ဂုကီးကအကြောင်း
သိတယ်မလား။စီနီယာထယ်ယောင်းကိုမလုပ်ရရင် ငါတို့ကိုသူ ဆံပင်ဆွဲမှာကွ။ "

မင်ဗြောအဖြေကြောင့် ဟိုနှစ်ယောက်ကဂုကီးကို တဖန်ပြန်စိုက်ကြည့်ကြသည်။ဖုန်းကြည့်နေတာ
တောင်စိတ်မပါသလိုချည်း ကြည့်နေသည့်ဂုကီးက
အသည်းကွဲနေတာ။အနိုင်ကျင့်လည်းသူပဲ။အသည်းကွဲလည်း သူပဲဖြစ်နေသည်။

" မလုပ်ပေးလို့လည်းမရဘူး။သွားကြည့်ပေးလိုက် ဒုံယောင်းရေ။ "

ဒုံယောင်းက အိပ်ရာမှထသွားပြီးFridge,ထဲရှိ
အသင့်ရှိနေသည့်များကိုကြည့်တော့ ဂုကီးမေးတဲ့ အရာများမရှိနေပါ။ပေါ့ပေါ့ပါးပါးသောက်နိုင်သည်များရယ်၊ခေါက်ဆွဲဘူးအချို့ရယ်၊
အရမ်းမပြင်းတဲ့အရက်များသာရှိတော့သည်။

" ဟေ့ကောင်တွေ ငါပြောနေတယ်လေကွာ။မကြားကြဘူးလား။ကင်မ်ထယ်ယောင်းကိုရောက်နေတဲ့ ဒေါသတွေ မင်းအပေါ်ရောက်သွားမယ်နော်။ "

" မရှိဘူး ဂုကီးရဲ့။မင်းပြောတဲ့ အရက်ပြင်းပြင်းက Hotel,ကBar,မှာဘဲရှိတော့တယ်။ "

My Baby Is A Bad BunnyWhere stories live. Discover now