11

878 111 198
                                    

#Zawgyi

ထယ်ယောင်းစွာတေးရဲ့ နှုတ်ခမ်းတွေကို
အလွတ်မပေးဘဲ နမ်းရှိုက်နေမိတယ်။
သူမလွှတ်ချင်ဘူး!စွာတေးရဲ့နှုတ်ခမ်းက
စနမ်းဖူးတုန်းကဆို နူးညံ့လွန်းတာမို့
သူသဘောကျနေမိတာ။အခုဆိုလည်းစွာတေးရဲ့
နှုတ်ခမ်းလေးကို အလွတ်မပေးဘဲနမ်းနေတာကို စွာတေးမှာမခံနိုင်လို့ ရုန်းထွက်သည်။

ထယ်ယောင်းနမ်းရင်းကနေတွေးမိတယ်။
ဘာကြောင့်များ ငါစွာတေးကိုမြင်ရင် အမြင်မကြည်ရတာလဲ။ထိုသည်ထက်
စွာတေးကိုဆူဟွန်းဆိုသည့်ကောင်နဲ့မြင်ရင်
သူဘဝင်မကျတာက ပိုမှန်မည်လေ။
ဒါကြောင့်လည်း ညနေကစွာတေးကိုပိုလို့
အပြစ်ပေးနေမိတာ။

ငါဘာကြောင့်ပြောင်းလဲနေတာလဲဆိုတဲ့
အဖြေသာသိရင် သိပ်ကောင်းမည်။
မဟုတ်ရင် မရေမရာတဲ့အတွေးတွေကြား
ူသူစဉ်းစားရခက်မည်။

" အွန်း...အု... "

သူနမ်းရင်းကနေ တွေးနေတော့စွာတေးက
သူ့အနမ်းတွေကြား အသက်ရှုကျပ်လာသည်
ထင်ပါ့။သူ့ကိုထုရိုက်တယ်။သူလည်းစွာတေးရဲ့
နှုတ်ခမ်းလေးကို နမ်းနေရာကနေလွှတ်ပေးမိတော့ စွာတေးကအမူးမပြေသေးတော့
နှုတ်ခမ်းတစ်ချွန်ချွန်နဲ့ သူ့နှုတ်ခမ်းကို
လိုက်စမ်းသတ်နေပုံပင်။

ထယ်ယောင်းပြုံးနေတုန်းရှိသေး သူ့ကိုခေါ်သံ
ကြားလိုက်ရသည်။သူလန့်သွားကာ လှည့်ကြည့်လိုက်တော့ ဟိုဆောနဲ့ယွန်းဂီက
သူတို့ရှီတန်းလာတာတဲ့။

" ဟေ့ ထယ်ယောင်း!မင်းတို့ဘာလုပ်နေတာ
လဲ၊အထဲမဝင်ကြသေးဘူးလား "

ယွန်းဂီနဲ့ဟိုဆော့က အပြေးလာရော
ထယ်ယောင်းကတော့ သူတို့ကိုများ တွေ့သွားမလားဆိုသည့်အတွေးဖြင့်
အနားရောက်ရော စွာတေးကိုပုခုံးကဖက်လို့ ကိုင်ထိန်းထားရသေးသည်။

" ဟမ် မင်းတို့ဘယ်တုန်းကရောက်တာလဲ၊
ရောက်တာကြာပြီလား "

ထယ်ယောင်းပြောသံထဲ တုန်ရီနေလို့
ဟိုဆော့ကမသိမသာလေးပြုံးကာစကားလွှဲရ
တယ်။မဟုတ်ရင်သူတို့သူငယ်ချင်းကြီးက အရှက်လွန်သွားမှာဆိုးလို့။

" မဟုတ်ပါဘူး၊ငါတို့အခုမှရောက်တာ၊
လာလာချင်းက မင်းကအမွှေစိန်ကိုဖက်ထားတာ
တွေ့လို့ ငါကဘာများဖြစ်တာလဲလို့ထင်နေတာ "

My Baby Is A Bad BunnyWhere stories live. Discover now