21

990 107 146
                                    

- Zawgyi

ညကဖြစ်သည့်ကိစ္စအတွက် မနက်ကြချော့မယ်
ဆိုပြီးအိပ်သွားတာမို့ ထယ်ယောင်းမနက်ရောက်
တော့ စွာတေး၏အခန်းရှေ့ကနေ ရပ်စောင့်ဖြစ်
ပါတော့သည်။စွာတေးက ကျောင်းသွားဖို့ဆိုရင်
တစ်ခါပြင်တာ အတော်ကြာပါသည်။

" သားထယ် ပူတူးအခန်းရှေ့မှာဘာလုပ်နေတာ
လဲကွယ်၊သားပူတူးမထသေးလို့လား "

ထယ်ယောင်းအခန်းပြင်ကနေ အမောင်စွာတေးကို
စောင့်နေရင်း စွာတေးရဲ့အမေကအောက်ထပ်မှ
တက်လာကာ အခန်းရှေ့မှထယ်ယောင်းကိုတွေ့
တော့မေးလေသည်။ထယ်ယောင်းမှာလည်း
အားနာနာဖြင့်ပြုံးလိုက်ရင်း ခေါင်းငြိမ့်ပြသည်။

စွာတေးရဲ့အမေကတော့ သူ့ပုံစံကြောင့်ရယ်ကာ
အခန်းရှေ့ရပ်လို့ သူ့သား၏အခန်းတံခါးကိုလာ
ခေါက်သည်။နှုတ်မှလည်း သူ့သားလေးရဲ့နာမည်
လေးကိုခေါ်လို့။

" ပူတူးရေ၊ပူတူးလေးရေ၊ထပြီလား၊အခန်းရှေ့မှာ
သားအစ်ကိုထယ်ယောင်း ရောက်နေတယ်ကွယ်၊
သားအစ်ကိုတွေတောင်သွားကြပြီ၊သားကို သားထယ်လေးက စောင့်နေတယ်လေ "

" ထပြီးလို့၊အဝတ်အစားလဲနေတာပါ မေမေရာ၊
ဘာကိစ္စလဲ ခင်ဗျားက "

သူ့အမေကတံခါးခေါက်နှိုးတော့ အထဲကနေအသံ
ပေးပြီး တံခါးလာဖွင့်သည်။အကုန်လုံးပြင်ဆင်ပြီး
တာမို့ ထယ်ယောင်းကိုတွေ့တော့ မကြည်သည့်
စကားသံလေးထွက်လာခဲ့သည်။

" မင်းကိုစောင့်နေတာ၊နမ်ဂျွန်တို့က မနက်စာစာ
ပြီးလို့သွားကြပြီလေ၊မင်းနဲ့ကိုယ်ပဲကျန်တာ "

ထယ်ယောင်းက ဂုကီးကိုကြည့်ရင်း ပြောလိုက်သည်။ဂုကီးမှာတော့ ထယ်ယောင်းကို
အမျက်ပါသောမျက်စောင်းဖြင့်ကြည့်ကာ
လက်ပိုက်လို့...

" အဲ့တော့ဘာလုပ်ရမှာလဲ၊သွားပါလား၊ခင်ဗျား
ကိစ္စလေ၊ကျုပ်နဲ့ဘာဆိုင်လို့လဲ "

" ပူတူး...ရော့ ထမင်းဘူးယူသွားတော့၊မေမေ မရိုက်ချင်ဘူး၊အစ်ကိုက စေတနာနဲ့စောင့်ပေးနေ
တာကို "

ပူတူးအမေက ပူတူးရဲ့ဗိုက်နားကိုမနာတနာလေး
လိမ်ဆွဲပြီးလက်ထဲ ထမင်းဘူးထည့်ပေးကာ
ထွက်သွားခဲ့သည်။မေမေထွက်သွားတော့
စွာတေးက ထယ်ယောင်းရှေ့လက်ပိုက်လို့
ကြည့်နေသေးသည်။ထယ်ယောင်းကတော့
စွာတေးလေးရဲ့အကြည့်ကြောင့် ရယ်လိုက်ရင်း
မရဲတရဲလေး စွာတေး၏လက်ကိုကိုင်သည်။

My Baby Is A Bad BunnyМесто, где живут истории. Откройте их для себя