22

804 111 153
                                    

#zawgyi

ထယ်ယောင်းမှာတော့ သူ့ဘေဘီစွာတေးကိုသာ
ပြန်ခေါ်လာပြီး ပန်းခြံထဲကခုံတန်းလေးမှာထိုင်ကာ
သူ့ဘေဘီရဲ့လက်ကို ကြည့်ပေးနေလေသည်။

" ဘေဘီကိုယ့်ကိုပြဦး၊အရမ်းနာနေလား၊ကိုယ့်
ဘေဘီက ဘာလို့ဆွဲနေတာတောင်ဂရုမစိုက်တာ
လဲကွာ... "

" ကျုပ်ကိုလွှတ်စမ်းပါ လူရမ်းကားရာ... "

ဂုကီးမှာတော့ ထယ်ယောင်းလက်ဆွဲထားသည်ကို
သဘောမတွေ့တာမို့ ရုန်းထွက်လေသည်။ဒါတောင်
ထယ်ယောင်းက အားပိုသန်နေလို့သာ။

" ကိုယ့်ကိုမရုန်းနဲ့ကွာ၊လာ...ကိုယ်ဆေးထည့်ပေး
မယ်၊နည်းနည်းစပ်မယ်၊နောက်ဆိုအဲ့ကောင်ကို
ဘေဘီဆံပင်ဆွဲစရာမလိုတော့ဘူး... "

ထယ်ယောင်းကထိုသို့ပြောလိုက်တော့ စွာတေးက
မျက်မှောင်ကြုံ့လို့ကြည့်သည်။ထယ်ယောင်းမှာ
စွာတေးရဲ့အမူအရာလေးကိုကြည့်လို့ ရယ်မိ၏။

" ကိုယ်ပြောတာက ဘေဘီဆွဲရင်ဘေဘီ့လက်နာ
မှာဆိုးလို့ ကိုယ်ပဲအဲ့ကောင်ကိုလက်သီးနဲ့ဆုံးမပေး
မယ် "

" လူရမ်းကားက အရူးပဲ "

ထယ်ယောင်းကပြောတော့ စွာတေးဂုကီးမှာ အရူးဟုသူ့ကိုပြောလေသည်။ထယ်ယောင်းမှာတော့ ရယ်လိုက်ရင်း သူ့ဘေဘီလေးရဲ့လက်ကို အရက်ပြန်နဲ့ဆေးပေးနေတော့သည်။စစတော့
လက်သည်းနဲ့ကုတ်ခြစ်ခံထားရတာမို့ အနည်းငယ်
ပေါက်သွားသည်လေ။

တော်သေးသည်က ကန်တင်းမှာပွဲဖြစ်ခဲ့ပေမယ့်
ဘယ်တုန်းထည်းက ယောင်းဆူကိုမကျေနပ်တဲ့
သူတွေရှိနေလည်းမသိ ကျောင်းကောင်စီကိုလည်း
မတိုင်ကြသလို ဝိုင်းတောင်ရယ်နေသေးသည်။
ဒါကြောင့် ကိစ္စကမကြီးသွားဘဲငြိမ်နေရတာ။

ထယ်ယောင်းမှာ ဆေးထည့်သည့်ညှပ်ဖြင့်
ဂွမ်းစယူကာအရက်ပြန်ဘူးထဲတို့ထိလိုက်ကာ
စွာတေး၏လက်ကို အနာမစပ်အောင်မှုတ်ပေးပြီးပွတ်ပေးလိုက်တာဖြစ်သည်။ကင်မ်ထယ်ယောင်း
အခုတောင် တအားဂရုစိုက်နေတက်ပါပြီ။

" လူရမ်းကား ကျုပ်တို့ကျောင်းလေ့လာရေးခရီးရှိ
တယ်၊ခင်ဗျားတို့ရော ပါမှာဆိုဟုတ်လား "

My Baby Is A Bad BunnyWhere stories live. Discover now