18

735 116 175
                                    

#Zawgyi

" ဟျောင်းတို့ရေ ဂုကီးကိုကယ်ပါဦး၊ဂုကီးမြင်
လိုက်ရတာတွေကြောင့် ခေါင်းမူးသွားပြီ၊အီးဟီး...
ကယ်ပါဦး.... "

အစ်ကိုတွေအားလုံးက မီးဖိုခန်းကစားပွဲရှည်၌
စာစုလုပ်နေကြစဉ် အမွှေစိန်ဂုကီးမှာအောက်ထပ်
သို့ပြေးဆင်းလာပြီး ဧည့်ခန်းကဆိုဖာပေါ်ထိုင်ကာ
နဖူးပေါ်လက်တင်လို့ အော်ခေါ်နေတော့သည်။
အစ်ကိုဖြစ်သူနမ်ဂျွန် သူ့ညီဂုကီးရဲ့အသံကြား
တော့ အသည်းအသန်ဖြစ်ကာထွက်လာသည်။

" ဂုကီး ခေါင်းမူးနေလို့လား၊ယွန်းဂီ မင်းက
ကလေးအတွက် ဆေးသေတ္တာသွားယူပေးဦး "

အစ်ကိုတွေမှာလည်း ဂုကီးအော်သံကြားထဲက
ထမင်းစားခန်းကနေ အပြေးထွက်လာကြပြီး
ယွန်းဂီကဆေးသေတ္တာဗူးသွားယူနေရသည်။
ထယ်ယောင်းနဲ့အတူနမ်ဂျွန်နဲ့ဟိုဆောတို့က
ဂုကီးရဲ့ဘေးနားဝင်ထိုင်သည်။

" အဆင်ပြေရဲ့လား၊ခေါင်းမူးနေတာလား၊
ဘာဖြစ်တာလဲ ဟျောင်းကိုတစ်ခုခုပြောလေကွာ "

နမ်ဂျွန်က ဂုကီးကိုကြည့်ပြီးစကားပြောလို့ချော့
သည်။သို့သော်လည်း ဂုကီးမှာတော့မနေနိုင်ဘဲ
ခေါင်းခါကာ အစ်ကိုတွေအားပြောပြနေသည်။

" အီးဟီး...နေမကောင်းလို့အန်ချင်နေပြီ "

ဂုကီးကပိုတိုးလို့ငိုပြီး ပြောနေတော့အကုန်လုံးက
အသည်းအသန်တွေဖြစ်လို့ ပြာနေကြသည်။
မေးမြန်းလို့လည်းမရတာမို့ ပိုတုန်လှုပ်နေတာမို့
နမ်ဂျွန်မှာလည်း သူ့ညီအတွက်ဆေးယူခိုင်းတဲ့
ယွန်းဂီကိုလည်း အော်ခေါ်နေတော့သည်။

" ဟာ...ယွန်းဂီ၊အမူးပြေဆေးယူလာခဲ့တော့ "

" ငါလာပါပြီ၊ဆေးယူနေလို့ ကြာနေတာ၊
ဟိုဆော့ရေသွားယူလာခဲ့ ကလေးကို ဆေးတိုက်ရမယ် "

ယွန်းဂီကလက်ထဲဆေးကဒ်ကိုင်လာပြီး ဟိုဆော့ကိုရေသွားခပ်ခိုင်းသည်။ဟိုဆော့က
ရေခပ်ပြီးပြန်လာရော ဂုကီးအနားကိုကပ်လို့
ဆေးတိုက်ဖို့လုပ်ကြသည်။တကယ့်အစ်ကိုတွေ။
ညီအငယ်ဆုံးလေးကိုသိပ်ချစ်ကြတာ။

" မယူပါနဲ့တော့၊ဂုကီးဆေးလည်းမသောက်ချင်
ဘူး၊အဲ့ဒါက ဆေးသောက်ရင်ပျောက်မဲ့အရာ
မဟုတ်ဘူး၊ဟင့်...ငိုချင်လိုက်တာ ဂုကီး...
ဘယ်လိုလုပ်ရတော့မလဲ "

My Baby Is A Bad BunnyWhere stories live. Discover now