10

962 125 241
                                    

#Zawgyi

ယွန်းဂီမှာကန်တင်းကပြန်အလာ အားကစားကွင်းထဲရောက်ရော ကစားဖို့အတွက်
လူစုံရဲ့လားဆိုတာ လိုက်စစ်နေရသည်။
လူလိုက်စစ်နေစဉ်အတွင်း ထယ်ယောင်းက
လွယ်အိတ်ကိုတစ်ဖက်ထည်းလွယ်လို့
ရောက်ချလာခဲ့သည်။

ထယ်ယောင်းကမျက်နှာတည်တည်နဲ့မို့
ပထမနှစ်ကျောင်းသားလေးတွေက ကိုယ်ရှိန်သပ်ကြကာ စကားပြောတာတွေရပ်လို့
ငြိမ်သွားကြတယ်။ထယ်ယောင်းကတော့
ဂရုမစိုက်ဘဲ ယွန်းဂီနားကိုရောက်လာသည်။

" ထယ်ယောင်းလာပြီလား၊ငါက မင်းငါ့ကို
နောက်သွားတယ်လို့ထင်တာကွာ "

" ငါတကယ်ရောက်လာပြီလေ၊လူစုံပြီလား၊
ဒီကလေးတွေပဲလား "

ထယ်ယောင်းကပြောတော့ ယွန်းဂီက ခေါင်းငြိမ့်ပြသည်။ထိုစဉ်
ကောင်လေးတစ်ယောက်က သူ့ဘေးနားကို
လက်ညိုးထိုးပြလို့ ယွန်းဂီတို့ကိုအော်ပြောခဲ့
သည်။

" ဒီနားကဂျောင်ဂုမရောက်သေးဘူး ဟျောင်းတို့ "

" ဟေ..အဲ့ဒီအမွှေစိန်အခုထိပြန်မလာသေးတာ
လား၊ဒီကောင်လေး ဘယ်ရောက်နေတာလဲ "

ယွန်းဂီဘောလုံးကို လက်ချောင်းပေါ် တင်လှည့်ရင်းကနေပြောသည်။ထယ်ယောင်းက
ဂုကီးရဲ့နေရာကိုကြည့်ကာ

" ဟိုကောင်ဆူဟွန်းဘယ်ရောက်နေတာလဲ၊
ဒီကောင်နည်းပြလာလုပ်ပေးနေရတာ မဟုတ်ဘူးလား "

" နေပါစေကွာ၊သူ့ကိုအရေးလုပ်မနေဘူး၊သူ့အစား
ငါရှိနေတာပဲ ရပါတယ်ကွာ "

ယွန်းဂီက ဂရုမစိုက်ဟန်ပြောသည်။ထယ်ယောင်း
မှာယွန်းဂီစကားကြောင့် မျက်နှာထားတင်းမာ
သွားတယ်။

ဂျောက် !

" အိုအို ! ဒါဆိုဆူဟွန်းဟျောင်းက မိုက်တာပေါ့၊
အောင်မယ်လေး ရယ်ရသွားပြီဟီး... "

အားကစားကွင်းထဲကိုဝင်လာရင်း ဆူဟွန်းနဲ့အတူ
ဘေးကပ်လျှောက်ကာ စကားတွေပြောလာတဲ့
စွာတေး။ထယ်ယောင်းတို့က စိုက်ကြည့်နေတာ
တောင်ဂရုမစိုက်နိုင်ပါဘဲ တဟားဟားရယ်လို့
ကိုယ့်နေရာဝင်ထိုင်ကာ ဘေးကကောင်လေးကိုပါ
ပြုံးရယ်ပြနေသေးသည်။

My Baby Is A Bad BunnyWhere stories live. Discover now