🔞Episode-27🔞

784 24 1
                                    

"ခွန်း... ဦးလေးရီး ကို ချစ်တယ်....."

"ခွန်းမြူဝေ.... ခလေးက ခလေးလိုနေ...
မင်းက ငါ့မိတ်ဆွေရဲ့ သားဖြစ်နေလို့... ဒီလောက်ပဲ
ပြောမယ်..."

ဘုန်းမြတ်မောင် တစ်ယောက် ခွန်းကိုအော်လိုက်တာကြောင့်
နှစ်ယောက်ကြား ခနငြိမ်သက်သွား၏

"မရဘူး.... ဦးလေးရီးပြောလို့ ခွန်းခလေးလုပ်ပြီသွားပြီ...။ အခု ဦးလေးရီး ကို ချစ်လို့ရပြီမို့ လုံးဝ ရပ်မနေဘူး...
ဦးလေးရီး ခွန်းကို ချစ်တဲ့အထိ ရအောင် လိုက်မှာ"

"ခုခေတ်ခလေးတွေများ တယ်ခက်ပါ့လား...။
မင်းကို ယောကျာ်းချင်း ချစ်ရမယ်လို့ ဘယ်သူသင်ပေးလိုက်လည်း ဟမ်"

"ဟောဒီ နှလုံးသားက ♥ ။ "

ခွန်းမြူဝေမှာ ဘယ်ဘက်ရင်ဘက်အား ထောက်ပြကာ
ပြုံးစိသိလေးနှင့် ဘုန်းမြတ်မောင်ကို ကြည့်နေတဲ့ ရုပ်ကလေးက အူယားစရာကောင်းလွန်းသည်...

ဒါပေမဲ့ ထိုကလေးကို သူချစ်လို့မရပေ...။
နှလုံးသားမှာ ဒဏ်ယာရနေသူအဖို့ အချစ်သစ်နဲ့ ထပ်ပြီး ကုစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလေ....။

"မနက်စာ စားပြီပြီမလား....။ မင်းဝတ်မဲ့ အဝတ်တွေယူပြီး
ငါ့ကွန်ဒိုလိုက်ခဲ့..."

"မလိုက်ဘူး.... ဦးလေးရီး ပါးစပ်က ချစ်တယ်လို့ပြော
ဒါဆို လိုက်မယ်"

ဘုန်းမြတ်မောင် တစ်ယောက် ခွန်းမြူဝေကို တစ်ဖက်ကွေး အပြုံးလေးနှင့် မျက်မှောင်ကျုံ့ကြည့်ကာ

"မလိုက်လည်း ဒီမှာ နေခဲ့... ငါမွေးရင် ငါသားလောက် ရှိတဲ့သူကို ငါလုံးဝ မချစ်ဘူး.... ။"

ထိုသို့ပြောပြီး အခန်းထဲမှ ထွက်မည့်အလုပ် ခွန်း၏ စကားတစ်ခွန်းကြောင့် ဘုန်းမြတ်ခြေလှမ်းတွေ ရပ်တန့်သွား၏

"ဒါဆို ဂူးကရော....... ။ "

ခွန်းမြူဝေမှာ ဂူးနဲ့ ဘုန်းမြတ်အကြောင်းတွေကို သိထားပုံပင်
သေချာတာပေါ့ ခွန်း မြန်မာပြည် လာချင်လို့ ဦးဒီပါလင်္ကါ ကို ပူဆာနေချိန်က ဖြစ်မည်ထင်၏......

(နောက်ကြောင်း)

"မင်းဘာဖြစ်နေတာလည်း ခွန်းမြူဝေ...။ ​UK မှာ နေရတာ
ဒီလောက် ပြည့်စုံနေတာကို ဘာလို့များ မြန်မာပြည်သွားချင်နေရတာလည်း"

One Night StandWhere stories live. Discover now