Episode-10🔞

986 27 3
                                    

မင်းမြတ်မောင် တစ်ယောက် ဂူး အိမ်၌ ရှိမနေ၍
ပျာယာခတ်နေ၏

"မာမီ... ကျနော့် မိန်းမလေးရော ဘယ်သွားတာလည်း
ခါတိုင်းဆို ကျနော်ပြန်အလာဆို လာကြိုနေကျကို ။

"ဂူးက သူ့ သူငယ်ချင်း မွေးနေ့ သွားလေရဲ့"

"ဘယ်လို ဘယ်လို အခုပဲ ညနေစောင်းနေတာကို
ဘာလို့ ထွက်သွားရတာလည်း ။ ကျနော် စိတ်ပူအောင်
သက်သက် လုပ်နေတာပဲ ဒီကလေးတော့"

"အမလေးဟယ် နင့်ကို သူက ဖုန်းဆက်မလို့ပါပဲ
မင်းဒယ်ဒီကို လိုက်ပို့နေတော့ ကားစီးနေရင်း
ဖုန်းဆက်လိုက်ရင် အန္တရာယ်ဖြစ်မှာစိုးလို့တဲ့
အဲ့တာ မာမီကို သေချာမှာ သွားတယ် ။

သူဒီည နောက်ကျမယ်တဲ့ ။ သူ့ သူငယ်ချင်းကို
ပြန်လိုက်ပို့ခိုင်းမှာမို့ စိတ်မပူပါနဲ့..တဲ့ ။
သူလည်း ခလေးမဟုတ်တော့ပါဘူး မင်းမြတ်မောင် ရယ်"

"ခလေး မဟုတ်လို့ စိတ်ပူတာပေါ့ မာမီရဲ့ ။
ကျနော့် မိန်းမလေးက ခပ်ချောချောရယ်..
လူတကာမြင်ရင် ကြွေနိုင်မဲ့ ရူပ်မျိုးဗျ ။ အဆိုးဆုံးက သူက အားနည်းနည်းရယ် ။ အဲ့ဒါကို
ကျနော်က စိတ်မပူဘဲ အေးအေးဆေးဆေးဘယ်လို
နေနိုင်မှာလည်း "

"အေးလေ စိတ်ပူတာလည်း စိတ်ပူတာပေါ့..
အခုက သူ့ သူငယ်ချင်းတွေလည်း ရှိနေတာပဲ
ခနလောက်တော့ လွတ်လွတ်လပ်လပ်နေခွင့် ပေးလိုက်ပါဟယ် ။ လာ.... ထမင်းစားမယ် "

"မစား..?  "

"မစားတော့ဘူးလို့ လာမပြောနဲ့ ဂူးကိုယ်တိုင် မင်းစားဖို့
ပြင်ပေးခဲ့တာ ။ လာ "

သူမိန်းမလေး ပြင်ထားတယ်ဆိုတော့ မင်းမြတ်မောင် မှာ
ထမင်းစားဖို့ တုန့်ဆိုင်းမနေဘဲ ထမင်းစားခန်းထဲသို့......

...............................

တစ်ဖက်မှာတော့ မွေးနေ့ပါတီ၌ ဂူးမှာ သက်ဦးနှင့် ဖန်စီဆိုသည့် သူငယ်ချင်း နှစ် ယောက် နှင့်အတူ စကားပြောနေ၏

"ဂူး...အရက် သောက်ရအောင် လာ ခွက်ချင်းတိုက်မယ်"

"ငါမှ မသောက်တတ်တာ သက်ဦးရဲ့ ။
မင်းတို့နှစ်ယောက်ပဲ သောက်ကြ "

One Night StandOpowieści tętniące życiem. Odkryj je teraz