🔞Episode=2🔞

1.6K 33 0
                                    

"မင်းမြတ်မောင် မင်း ဒါဘာလုပ်နေတာလည်း"

"ဟော... ယောကျာ်းရယ် ကလေးတွေ နေပါစေ
လာ ကျမတို့လည်း နားရအောင် "

"မင်း အသာနေစမ်း ။ ဒီကောင်လုပ်ပုံက ဟောဒီ အသိုင်းအဝိုင်းမှာ ငါ့ကို ခေါင်းမဖော်နိုင်မောင် လုပ်နေတာကွ ။ မင်းမြတ်မောင် မင်းကြောင့် ငါ့မျက်နှာ ဘယ်နား သွားထားရမလည်း ဟမ် ။

ငါ ဒဲ့ပဲ ပြောမယ် ယောကျာ်းချင်း အိပ်လို့ ကိုယ်ဝန် မရနိုင်မဲ့ တူတူ သူ့ကို ပိုက်ဆံပေးပြီး ပြန်လွှတ်လိုက်တော့ "

"အို.... ရှင်ဘယ်လိုများ ဒီလို စကားတွေ ပြောထွက်ရတာလည်း ။ယောကျာ်းချင်း ယူလို့ ကိုယ်ဝန် မရနိုင်တာမှန်ပေမဲ့ မိန်းခလေးမှာပဲ အရှက်သိက္ခာတွေ ရှိတာမဟုတ်ဘူး
လူဖြစ်ပြီဆို ဘယ်သူမဆို ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိပြီးသားရှင့်

ပြီးတော့ သူ့တို့ နှစ်ယောက် အချစ်ကို ခွဲဖို့ ရှင့်ကို ခွင့်မပြုနိုင်ဘူး။  ယောကျာ်းချင်း ယူတော့လည်း ဘာဖြစ်လည်း
ဘယ်ပတ်ဝန်းကျင် ကို ဂရုစိုက်နေရမှာလည်း ။ အေး အဲ့ပြောတဲ့ပါးစပ်တွေကိုပဲ ကျမက တစ်အိမ်တက် တစ်အိမ်ဆင်း ပါးတတ်ရိုက်ပစ်မယ် ရှင်းလား "

"မိန်းမ....???"

"တော်ပါတော့ ရှင်... ကျမသားရဲ့ အိမ်ထောင်ရေးကို
သူ့ဘာသာ ရွေးချယ်လိမ့်မယ် "

သားကိုချစ်တာ မိဘတိုင်းရဲ့ မေတ္တာမို့ စိုးရိမ်မိတာ အမှန်..... ။

"ကောင်းပြီ မင်း ဒီတစ်ယောက်နဲ့ မြဲရင်မြဲ မဟုတ်လို့ကတော့
ငါချက်ချင်း မိန်းမပေးစားမှာ "

ထိုသို့ ပြောပြီး အခန်းထဲမှ ထွက်သွားသော ဖခင်ဖြစ်သူ၏
လက်ခံစကားကြောင့် မင်းမြတ်မောင် ကြိတ်ပီတိဖြစ်မိ၏

သူလွတ်လပ်ပြီပေါ့ ဆိုသော ပီတိမျိုးပင် ။

.................................................

ထိုအပျော်က မနက်ထဲက စလိုက်တာ ညနေခင်း သူငယ်များနှင့် အ ရက် သောက်ပြီး ပျော်မြူးနေသည့် အထိပင်။

"ဟားဟား ဒီလိုဆိုတော့ မင်း လွတ်လွတ်လပ်လပ် နေလို့ ရပြီဆိုပါတော့ "

One Night StandWo Geschichten leben. Entdecke jetzt