🔞Episode-17🔞

1K 25 2
                                    

အချစ်စစ်ဆိုတာ အချစ်ကို မှန်ကန်စွာ ချစ်ခြင်းပင် ဖြစ်၏

( 28 ရက်ကြာပြီနောက်)

စိတ်ကောင်းရှိသူ ဂူးမှာ မျက်ကြည်လွှာအလှူရှင်ကြောင့်
ယခုဆို မျက်စိပြန်မြင်ရတော့မည်။ ဒီနေ့ဆို... ပတ်တီး
ဖြည်ရမည့်နေပင် ။ ဆရာဝန်များ ဂူးကို စမ်းသပ်နေချိန် မင်းမြတ်မောင် တစ်ယောက်
စိတ်လှုပ်နေတာ အမှန်ပင်....

"ဂူး အဆင်ပြေပါစေဘုရား... "

"အမလေး မင်းမြတ်မောင် ရယ်...  ဂဏှာမငြိမ်နဲ့
ဘာများ ဖြစ်နေတာလည်း ။ ဆေးရုံမှာ နင်တစ်ယောက်တည်း ရှိတာမဟုတ်ဘူးနော်... "

"မာမီကလည်းဗျာ... ကျနော့်မိန်းမလေးက ဒီနေ့
မျက်စိမြင်ရတော့မဲ့ နေ့လေ ။ ကျနော်က ဘယ်လို
ငြိမ်ငြိမ်နေနိုင်မှာလည်း ဗျ ။"

"ငါလေ မင်းကို အံ့သြမိတယ်သိလား ။ ဂူးဟိုသွားလည်း
စိတ်ပူ ဒီသွားလည်း စိတ်ပူ ။ ဟို ဟာ လုပ်လည်း စိတ်ပူ
ဒီဟာ လုပ်လည်း စိတ်ပူနဲ့ နင်မလွန် လွန်းဘူးလား ။
ငါ့ သမတ်လေးက စိတ်ကောင်းရှိတယ် အရာအားလုံး
အဆင်ပြေမှာ စိတ်ချ "

"မာမီဘာသိလို့လည်း ။ ကျနော် ဂူးကို အစစအရာရာ
လိုက်စိတ်ပူပေးနေတာတောင် သူထိခိုက်သွားတယ်မလား
မဖြစ်ပါဘူး... နောက်ရက်တွေက စပြီး ကျနော့ မျက်စိအောက်က အပျောက်ကို မခံတော့ဘူး... "

ဒါနဲ့ ကိစ္စအရာရာပြီးသွားတာတောင် သက်ဦးနဲ့
ဖန်စီကို ကျေးဇူးတင်စကားတောင် မပြောရသေးဘူး
ကျနော့် မိန်းမလေးကို စောင့်ရှောက်ပေးလို့
သက်ဦးနဲ့ ဖန်စီ ကို ကျနော် တကယ် ကျေးဇူးတင်ပါတယ်ဗျ

ဂူးကို အခုလို ပြန်ကျမ်းမာလာအောင် ဂရုတစိုက်
စောင့်ရှောက်ပေးခဲ့လို့ ကျနော့်ဘက်က
ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ် ဗျာ "

"ကျနော့်တို့နဲ့ ဂူးနဲ့ဆိုတာ  သူငယ်ချင်းတွေပဲလေ ။
အကို ကျေးဇူးတင်ဖို့ မလိုပါဘူးဗျာ ။
သူငယ်ချင်းဆိုတာ တစ်ယောက် အားနည်းနေရင်
တစ်ယောက်က ဖေးကူရမယ်မလား "

ဤစကားက အမှန်ပင် သူငယ်ချင်းဆိုတာ
ဆိုးအတူကောင်ဖက် အတူတူ ကျော်ဖြတ်ခြင်းပါပဲ ။
မိသားစုနဲ့ မတိုင်ပင်နိုင်တဲ့ လျှိုဝှက်ချက်တွေကို
ဖွင့်ဟ ရာ နေရာအရပ်ပင် ။

One Night StandWhere stories live. Discover now