Episode-24

764 30 0
                                    

ဘုန်းမြတ်မောင် မှာ စောစီးစွာ အိပ်ယာထ၍ ဂူးအတွက်
ဂူးကြိုက်တတ်တဲ့ မနက်စာတွေကို ကိုယ်တိုင်ပြင်ပေးနေ၏

ဂူးအတွက်ဆိုသော အတွေးလေးနှင့် ရူးနေရှာသော ဘုန်းမြတ်မောင်မှာ သူ့ဘဝလေးထဲမှာ ပီတိဖြာနေတာ ကြာရှည်စွာ တည်တံ့နေပါ့မလား...။

သေချာတာကတော့... သူ့ဝမ်းနည်းရတော့မည့် အချိန်ရောက်လာတော့မည် ဆိုတာပါပဲ.... ။ ယခုလည်း..
ဂူးကို နိုးရန် အခန်းထဲဝင်မည်ဟန်ပြင်နေချိန်..

ဂူးမှာ သူငယ်ချင်းဖြစ်သူ ဖန်စီအကြောင်းကြား၍ မင်းမြတ်မောင် အခြေအနေကို သိသွားသည်တူ၏ ။ မောင့် အား တမ်းတနေသော ငိုသံတစ်ချို့ကို ကြားလိုက်ရ၍ ဘုန်းမြတ်မောင်မှာ တံခါးနောက်ကွယ်မှ ငြိမ်ငြိမ်လေး နားထောင်နေမိ၏.....

"မောင်ရယ်..... ဂူးက မောင့်ကို ဒုက္ခမဖြစ်စေချင်လို့ပါပဲဗျာ
အခုလို... မောင်သာ ထိခိုက်ဖို့ ဖြစ်လာတဲ့အထိ ပြင်းထန်ခဲ့မယ်ဆိုရင် ဂူး.. မောင့်အနားက ထွက်မလာပါဘူး....

အခုတော့.. ဂူးအတွက်နဲ့ မောင့်ရဲ့ မှတ်ဥာဏ်တွေကို..
စွန့်လွှတ်လိုက်ရတာ မတန်လိုက်တာဗျာ... ။
တကယ်ဆို ဂူး ဖြစ်လိုက်ရမှာကို... အခုတော့ ဟင့် အဟင့်"

ထို့အချိန် ဘုန်းမြတ်မောင် မှာ မခံစားနိုင်သည့်အဆုံး
အခန်းတံခါးအား ဆောင့် ဖွင့်ကာ ပေါက်ကွဲခံစားနေရသည်နှင့် တူပါရဲ့......။

"မင်းဘာလို့ အဲ့ကောင်ကိုပဲ စွဲလမ်းနေတာလည်း ဟမ်
မင်းနုတ်ခမ်းက ထွက်လာသမျှ နာမည်မှန်သမျှ....
ငါပဲ ဖြစ်နေရမှာလေ... ဘာလို့လည်း။.... ငါမင်းအပေါ်
မချစ်ပေးဖူးခဲ့လို့လား... ။ ဘာလို့ မင်းချစ်တဲ့သူက
ငါမဖြစ်နေရတာလည်း ဂူးရာ....."

"ဂူး.... တောင်းပန်ပါတယ် အကိုရယ်... ။ ဂူး မောင်တစ်ယောက်တည်းကိုပဲချစ်လို့ပါ ။ အကို ကိုယ် ဂူး အကြိမ်ကြိမ်အခါခါပြောခဲ့တယ်လေ.....။ အကိုကို ချစ်ခဲ့တယ်...ဒါပေမဲ့ အခုလားမေးရင်တော့ မဟုတ်တော့ဘူး.

အရင်က ဂူးဘဝကို ကယ်တင်ပေးခဲ့လို့ အကိုကိုယ်သံယောဇဥ်တွယ်မိတာ ဂူးဝန်ခံတယ်...။ ဒါပေမဲ့ အခု အကို့အပေါ်မှာ ဘာခံစားချက်မှ မရှိတဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ သဘောထားတယ်...

One Night StandWhere stories live. Discover now