🔞Episode-9🔞

1.5K 35 2
                                    

"ဘဝဆိုတာ တိုက်ပွဲပဲ မှူးတံခွန်...
အေး... ငါသတ်မှတ်ထားတဲ့ ဘဝက မောင်ဖြစ်နေတာမို့
မောင့်ကို ထိခိုက်လာတဲ့ ဘယ်အရာမဆို ငါတိုက်ခိုက်ဖို့ အဆင်သင့်ပဲ... ။ နင့်မှာသာ အရှက်တရားရှိတယ်ဆိုရင်
ထွက်သွားသင့်တာ ကြာပြီ"

"နင်ကမြန်း ငါ့ကို.. "

"ဖြန်း"

မှူးမှ ဂူး၏ ထိချက်ပြင်းသည့် စကားများကြောင့်
ခံပြင်းကာ ဂူးအား ပါရိုက် ရန် ရွယ်နေစဥ် ဂူး၏ ယောက္ခမ မှ မှူးတံခွန်အား အရင် ပါး ရိုက်လိုက်၏

"အန် အန်တီ မ မဟုတ် အန်တီထင်သလို မဟုတ်ပါဘူး
ဒီလိုပါ.....?"

"ပါးစပ်ပိတ်ထား..။ နင့်လို သိက္ခာမရှိတဲ့ ကောင် မ နဲ့ ငါ့သား
မညားလိုက်တာ တော်သေးတာပေါ့ ။
နောက်မို့ဆို ယောက္ခမကိုတောင် ပါးတတ်ရိုက်မဲ့
နင့်လို ကောင် မကြောင့် ငါ့သားလေး နွံထဲနစ်တော့မှာ ။

ဒီနေ့ကစပြီး ငါတို့ မိသားစုနဲ့ ခပ်ရှင်းရှင်းနေ ဖယ် "

မှူးတံခွန် အား အတင်း တွန်းထုတ်ကာ မေ့နေသော သားဖြစ်သူအား ဂူးနှင့်အတူ တွဲခေါ်လာကာ ထွက်လာလိုက်၏ ။

မှူးမှာတော့ တစ်ကိုယ်လုံး တစ်ဆက်ဆက် တုန်ကာ
ဒေါသ ထွက်နေလိုက်ပုံများ ဘီ လူး မ သံပုရာသီး
ကိုက်ထားသည့် ရူပ်လိုပင်....

"ဂူး..... နင်ကိုငါ မကြေဘူး ။ နင့်ကြောင့်
အရာအားလုံး ပျက်စီးကုန်ပြီ ဟင့် အဟင့်
နင် နင် ကောင်းကောင်း ရှင်သန်ရမယ် မထင်နဲ့
မစားရတဲ့အမဲ ဆားနဲ့ပတ်တဲ့ အဖြစ်မျိုးက
ဘာလည်း ဆိုတာ နင်သိအောင် ငါလုပ်ပြမယ်"

.........................

မူးယစ်ဆေး အများအပြားနှင့် အသုံးပြုခြင်း ခံထားရတာကြောင့် မောင့်မှာ ညအချိန်11:30တာတောင် မနိုးလာသေးပေ ။

"ဂူး... အိပ်တော့လေ ။ မင်းမြတ်မောင်  ကိုလည်း ဆရာဝန်က သေချာဆေးသွင်းပေးထားတယ် ဆိုတော့....
ပြန်ကောင်းလာတော့မှာပါ ။ သားလည်း အနားယူသင့်နေပြီ
မေမေ တလှည့်စောင့်နေပေးမယ် အိပ်နော် "

"ရပါတယ် မေမေရဲ့ ။ မောင် မနိုးမချင်း ဂူး.အိပ်လို့လည်း
ရမှာမဟုတ်ဘူး ။ မေမေသာ ပြန်နားပါနော် ။
မောင့်ကို ဂူး စောင့်နေပါရစေ"

One Night StandWhere stories live. Discover now