Hey, Today is My boo's Birthday

292 29 6
                                    

May 15 At 11:00 PM

ဒီနေ့မိဘတို့အိမ်မှာ လူစုံတက်စုံနဲ့ ညနက်သည်အထိ မအိပ်ကြဘဲ စကားပြောနေကြသည်။

မနက်ဖန်က မိဘတို့ရဲ့ အငယ်ဆုံးနဲ့ အရစ်ဆုံးလေး ဗီတာမင်းရဲ့ မွေးနေ့ရက်မြတ်ပင်။

လူကြီးတွေက မနက်ဖန်မွေးနေ့ပွဲအတွက် စီစဉ်နေပေမဲ့ သားတော်မောင်ကတော့ တစ်စုံတစ်ရှိုင်းဘေးကပ်ပြီး ဘာတွေဂျီကျနေမှန်းမသိပါ။

တစ်ယောက်ကလဲ ပြုံးပြုံးနဲ့ ဂျစ်သမျှကိုနားထောင်ပေးရှာတယ်။တော်တော်လည်း လိုက်တဲ့အတွဲ..မြင်ကို မမြင်ဖူးပါဘူးဗျာ။

"ဟဲ့..ဟိုအတွဲ..လာကူမှာဆိုကူ..မကူရင်..ငါ့မျက်စိရှေ့ကနေထွက်သွား..မျက်လုံးထဲ ကန့်လန့်..ကန့်လန့်နဲ့"

"ဟုတ်ပါ့ဆရာရယ်..မေးပေးအုံး"

"မမခေတ်ရေ..ပြောမနေနဲ့..အဲ့အတွဲက မိုးမမြင်၊ လေမမြင်အတွဲ..လွှတ်ထားလိုက်"

"ဟုတ်ပါ့..သဲပိုင်ရေ..ငါ့နဲ့.."

"မမတို့ နင်တို့ဆိုတာလေ..ငါတို့ကို ဘလိန်းဖို့ပဲ..အေးပေါ့ နင်တို့မှ ရည်းစားမရှိတာ..ဘယ်ခံစားတတ်ပါ့မလဲ..နော့်..ရှိုင်း"

"ဟုတ်တယ်..ဟုတ်တယ်..ဟိဟိ"

"အဲ...ကြည့်..ကြည့်..ငါတို့ကို နှိမ်တာတော်ရေ..ကောင်စုတ်လေးတွေ"

"ကဲ..လာပါ..ရှိုင်းရေ..ကျွန်တော်တို့အခန်းဘက်..ထွက်သွားပေးရအောင်ပါ.."

"သွားမယ်..သွားမယ်"

"အယ်..သိပ်မလိုက်ချင်ရှာဘူး..ကောင်လေးက..အံ့ပါ့"

"အပျိုကြီးမမများ ခင်ဗျာ..ရည်းစားလေးနဲ့..ကြည်နူးလိုက်ပါအုံးမယ်ဗျာ"

"ကြွစေတော်..ကြွစေ"

>>>>

"လာ..ရှိုင်း..ကျွန်တော်ပေါင်ပေါ်လာထိုင်"

"ဟင်..ကုတင်ပေါ်ထိုင်ပါ့မယ်..မောင်ရဲ့"

"မရဘူးဗျာ..လာထိုင်ဆို"

"ဟာ..မောင်ကလည်း"

"လာဗျာ..ကြာတယ်"

ဗီတာလည်း ရှက်နေတဲ့ အသေးလေးကို စိတ်မရှည်တော့တာနဲ့ ခါးကနေဆွဲကာ ပေါင်ပေါ်ကို ထိုင်ခိုင်းလိုက်သည်။

You + Me = LOVE (Completed)Where stories live. Discover now