🩷7🩷

543 39 6
                                    

Insta Live Start..

📱hello ဘာတွေလုပ်နေကြလဲခဗျ.

📱ရှိုင်းကတော့ အင်းလေးကိုရောက်နေတာပါဗျ

cmt : ရှိုင်းလေး...မောနင်းပါ

📱 မောနင်း ပါဗျ...

"ရှိုင်း..ရှိုင်းရေ!!"

cmt : ဟယ်..ဘယ်သူကြီးလဲ..

"ရှိုင်း..ခေါ်နေတာကို"

"ဗီတာ..ရှိုင်း အင်စတာလိုက်ဖ်လွှင့်နေတာ"

"အော်🫢..မောင့်အသံပါသွားပီလား.."

cmt: ဟယ်...မောင်တဲ့...ငါနားကြားမှားတာလား

cmt : ငါလည်းကြားတယ်..မောင်တဲ့လေ

"ဗီတာရေ..ဟင်းဟင်း"

📱ဟိုဟာ.. ဒိုင်ယာလော့ လေ့ကျင့်တာ..

"ဘယ်လိုပြောရတော့မှာလဲ..စိတ်ညစ်တယ်..လာနှုတ်ဆက်လိုက်အုံး"

📱 hello ဗီတာပါခင်ဗျ..

cmt : ဥဥရေ..

📱ဗျာ့..

"ရှိုင်း..သူတို့က မောင်..အဲ့လေ..ကျွန်တော့်ကိုသိနေတာလား"

"သိတာပေါ့..ရှိုင်းနဲ့ဇာတ်လမ်းတူတူတွဲရိုက်နေမှတော့..သူတို့စုံစမ်းထားပြီးပြီလေ"

"အဲ့လိုလား"

"အင်း"

📱ကျွန်တော့်ကိုလည်း..အားပေးလို့ကျေးဇူးပါခဗျာ..

ထိုစဉ်..ရှိုင်းတစ်ယောက်..ရေဆာလို့..ရေဗူးဖွင့်တာမှာ..အသစ်မလို့..ဖွင့်ရခက်နေပေသည်..

"ပေး..ရော့ရပြီ"

ဗီတာတစ်ယောက် လိုက်ဖ်ဆိုတာကို မေ့ပြီး..လုပ်ပေးနေကျအတိုင်း..ရေဗူးဖွင့်ပေးလိုက်မိသည်..

cmt : အယ်..ဂရုစိုက်တယ်တော့..ငါတော့shipပြီ..

cmt : ဥဥရေ..သဘောကျတယ်..ဆက်လုပ်

📱ညီအကို အချင်းချင်း ဂရုစိုက်တာပါဗျာ..

cmt : အော်..မှတ်ထားရမယ်..ညီအကိုတဲ့..

📱ရှိုင်းတို့ စီးရီးလေးက နောက်အပတ်ထဲမှာ episode 1ကို ပြတော့မှာမို့လို့.. Trust ရဲ့ official YouTube မှာ ကြည့်ပေးကြနော်..

ရှိုင်းတို့ ညီအကိုတွေ သေချာလေးကြိုးစားထားတာမို့..အားပေးကြပါအုံး..

You + Me = LOVE (Completed)Where stories live. Discover now