🩷1🩷

967 46 6
                                    

ဒီနေ့က blစီးရီးဇာတ်လမ်းသစ် pre production နေ့ဖြစ်တာကြောင့် entertainment ထဲမှာရှိနေတဲ့ ဝန်ထမ်းကအစ ceoအဆုံး အလုပ်ကို ဇယ်တောက်သလို လုပ်နေကြရသည်။

Trust entertainment က ဦးစီးပြီး ရိုက်တဲ့ blစီးရီးဆိုတာ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သတင်းမွှေးလှတာ မဆန်းပါ။

blစီးရီးဆိုပေမဲ့ မြန်မာမှု မြန်မာဟန် မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ပြီး အချစ်တစ်ခုကို အနူးညံ့ဆုံး ပုံဖော်ကာ ရိုက်ကူးပေးနိုင်တဲ့ အားသာချက်တွေကြောင့်ဆယ်စုနှစ် တစ်စုစာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တယ်လို့ မှတ်ချက်ပြုရပေမည်။

ယခုမျက်မှောက်အချိန်ထိလည်း လူကြိုက်များလွန်းလို့ blစီးရီးကောင်းများကို လက်မလည်အောင် ထုတ်လွှင့်ပေးနေရတာကိုက သက်သေတစ်ခုပေ။

"ဟေ့..လာအုံး"

"ဟုတ် အကိုကောင်းမြတ်"

"vita minရော"

"ဟုတ် အကိုလေးက မိတ်ကပ်လိမ်းနေတုန်းဗျ"

"အော်..ငါ့နဲ့ ရည်းစားနဲ့ချိန်းတွေ့မှာလား..pre production ထိုင်မှာလား မသဲကွဲဘူး..

မြန်မြန်လုပ်လို့ပြောလိုက်.. တခြားactorတွေရောက်နေပြီ"

"ဟုတ် ဟုတ်..ကျွန်တော်သွားပြောလိုက်မယ်"

"အေးအေး..ဒါနဲ့ နင့်အကိုရော"

"ဒါဒါကြီးလား..အကို စောနက အပေါ်ထပ်တက်သွားတာတွေ့တယ်"

"အေးအေး.. တခြား actorတွေနဲ့ စကားသွားပြောတာထင်တယ်"

>>>

ကျွီ...

"စောင့်နေတာကြာပြီလား အားနာလိုက်တာ"

"ရပါတယ်ဗျ.. ဒါရိုက်တာကြီးနဲ့ စကားပြောနေတာ..အဆင်ပြေပါတယ်"

"အဲ့ဆို.. အကိုတို့အရင်မိတ်ဆက်ကြမလား"

"ဟုတ်ကဲ့ဗျ"

Actor အသစ်လေးတွေနဲ့ မိတ်ဆက်ဖို့ စပြင်လိုက်တဲ့အခါမှာပဲ..

သားတော်မောင်က ဝုန်းဒိုင်းကြဲကာ meeting room ထဲကို ဝင်ချလာလေသည်။

"ခဏ..ခဏနေကြပါအုံး..

main actor မပါဘဲ မိဘတို့က စကြတော့မလို့လား"

You + Me = LOVE (Completed)Where stories live. Discover now