🩷6🩷

572 36 7
                                    

ဒီနေ့က 'ချစ်ခွန်းတည်စေ' စီးရီးဇာတ်လမ်းတွဲရဲ့ ပြင်ဦးလွင်ရိုက်ကူးရေး နောက်ဆုံးနေ့ဖြစ်သည်။

ဇာတ်လမ်းရဲ့ တန်ပိုအမြင့်ဆုံး အခန်းကို ရိုက်ကူးရတဲ့နေ့ဆိုလည်း မမှားပေ။

မင်းသား သုံးယောက်စလုံးရဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်လာသည့် အခန်းမို့ ရှိုင်း၊vita၊ရတုတို့မှာ မုဒ်ကိုယ်စီနဲ့ ရိုက်ကွင်းမစခင်ကတည်းက ပြင်ဆင်နေကြသည်။

ခက်သည်က vitaရဲ့ ခံစားချက်ထည့်ရမည့်အပိုင်းပေ။ တည်စေအဖြစ်သရုပ်ဆောင်ရမဲ့vitaက အခုအခန်းမှာ ခွန်းဖြစ်သူ ရှိုင်းကို အထင်လွဲကာ မုန်းရမည့်အခန်းဖြစ်နေသည်။

မနေ့ကမှ ပူပူနွေးနွေးရည်းစားဖြစ်ထားခါစကို မုန်းတဲ့မုဒ်မျိုး ထည့်ရမည်မှာ vitaအတွက်ခက်ခဲလှပေသည်။

"ဟင်းး"

"vita..သက်ပြင်းတွေချလို့ပါလား"

"ရှိုင်း..ကျွန်တော် မုဒ်သွင်းလို့မရဘူးဖြစ်နေတယ်"

"ဟင်..ဘာဖြစ်လို့လဲ"

"ရှိုင်း..စဉ်းစားကြည့်ဗျာ..မနေ့ကမှ ရည်းစားဖြစ်ထားတဲ့ရှိုင်းကို ကျွန်တော် မုန်းတဲ့စိတ်နဲ့ စကားကြမ်းတွေပြောလို့ရမှာလဲ.."

"အော်..vitaရယ်..vitaက ရှိုင်းကို မုန်းတာမဟုတ်ဘူးလေ..

တည်စေက ခွန်းကို နားလည်မှုလွဲပြီး မုန်းတာကို..vitaက တည်စေအနေနဲ့ ခံစားပြောပြပေးရမှာလေးပဲ..

စိတ်ထဲမှာ အရမ်းမထည့်ပါနဲ့..ရှိုင်းက နားလည်ပါတယ်.."

"ဒါပေမဲ့ဗျာ..."

"ကဲ..မျက်နှာကြီးက ဆူပူတ်မနေနဲ့.. ရှိုင်းက ချစ်တယ်လေ..နော်..လာ..တူတူscriptလေ့ကျင့်ကြမယ်"

"ဟုတ်.."

"လိမ္မာလိုက်တာ..vitaလေးက"

"ရှိုင်းနော်..ကျွန်တော့်ကို..မနေ့ကတော့ မောင်ဆို..ခုကျ..vitaတဲ့လား.."

"vitaကလည်း..မိဘတို့ရှိနေတာလေ..အဲ့လိုခေါ်ရင် ပေါ်သွားမှာပေါ့"

"မသိဘူး..အခု..မောင်လို့ခေါ်"

"ကဲ..ဆိုးတယ်နော်"

"မချစ်ဘူးလားပြော.."

"ချစ်တယ်..ချစ်တယ်..ဒီက ရှိုင်းက မောင့်ကိုချစ်ပါသတဲ့ဗျာ..ရပြီလား..လူဆိုးလေး"

You + Me = LOVE (Completed)Where stories live. Discover now