🩷9🩷

525 39 8
                                    

5 4 3 2 1 Ready Action 🎬

📽️ ခွန်း..ကိုယ့်ကို အဖြေပေးတော့လေနော်..

📽️အင်း..ချစ်တယ်😒

"ကဒ်..ကဒ်..ဇော်ရှိုင်းထက်ရေ..ချစ်တယ်ပြောနေတာ..ဘယ့်နှယ့်‌မျက်စောင်းထိုးနေတာတုန်း"

"ဆောရီးပါအကို..ကျွန်တော်..စိတ်အဆင်မပြေနေလို့ပါ"

"ကဲ... shooting ခဏ break မယ်..ရှိုင်းရော..ဗီတာရော..ခဏလိုက်ခဲ့"

"ဟုတ်"

"ကောင်းခန့်ကျော်..ငါ့သားတွေကိုဆူမလို့လား..မဆူနဲ့နော်..နားလည်အောင်ပြော"

"မင်း..ဝင်မပါနဲ့"

"ပါရမှာပဲ..

သားတို့..သူဆူရင်မိဘကို ပြန်ပြောသိလား"

"ဟုတ်..မိဘ"

"နှစ်ယောက်သား..အခုမှကြောက်နေတာ..လာလိုက်ခဲ့"

"သွား..သွား..မကြောက်နဲ့..မိဘရှိတယ်"

>>>

"ကဲ..ပြောစမ်းပါအုံး..ဒီလောက်အပေးအယူမျှမျှနဲ့ သရုပ်ဆောင်တတ်တဲ့နှစ်ယောက်က..ဘာတွေဖြစ်နေကြတာလဲ"

....

"ဘယ်သူမှမပြောဘူးလား..ရှိုင်း..အရင်ပြော"

"ဟိုဟာ..ဗီတာနဲ့..စိတ်အဆင်မပြေဖြစ်ထားကြလို့ပါအကို"

"အဲ့ဒါဆိုလည်း..အဆင်ပြေအောင်ပြန်လုပ်ကြလေကွာ..ရိုက်နေတာက..loveဆင်း..

မင်းတို့က..ချစ်တယ်ပြောတာတောင်..မျက်စောင်းထိုးနေတာ..ဘယ်လိုလုပ်..loveဆင်းဖြစ်တော့မှာလဲ"

"ဟုတ်..တောင်းပန်ပါတယ်အကို"

"ထားလိုက်တော့..အခုနားချိန်ပေးထားတယ်..ဒီအတောအတွင်း..ပြန်အဆင်ပြေအောင်လုပ်ခဲ့..ကြားလား"

"ဟုတ်"

"ဟုတ်အကို"

ဂျိမ်း...

ဒါဒါကြီးထွက်သွားပြီး..ခဏကြာတဲ့အထိ..နှစ်ယောက်သားစကားမစမိကြပေ။

"ဟို..ရှိုင်း"

ရှိုင်းဆိုသည်မှာလည်း..စိတ်ကောက်မပြေသေးသည့်အတွက်..ပြောဆိုသောဟန်ဖြင့်..မေးထိုး၍သာပြန်ထူးသည်။

You + Me = LOVE (Completed)Where stories live. Discover now