အခန်း -၂၃

457 24 5
                                    



စာမေးပွဲများပြီးဆုံးပြီးနောက် ကျောင်းကြီးမှာလည်းသာယာမြဲ သာယာဆဲသာဖြစ်သည်။
ခန့်ထည်နှင့် မိန်းတို့ကြား ဘာပြသနာမှ မတက်ခဲ့တာကြာခဲ့ပြီ။ ကျောင်းဖွင့်ချိန်လည်း ၄ လကျော်ရောက်လာခဲ့ပြီမို့ သူတို့နှစ်ဦး၏ ရန်ပွဲများက ကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက်တော့ သာမာန်သာဖြစ်လို့နေပြီ။

ဒီနေ့တော့ သူတို့ကျောင်းဖွင့်ကတည်းက စောင့်ဆိုင်းခဲ့ရသော အသင်းလှုပ်ရှားမှုများစတင်ပြီလေ။

" ဟဲ့ ရေ ပျော်လိုက်တာ နောက်ဆုံးတော့ ကလပ်တွေပြန်စတော့မယ်"

" အေးဟာ ၄ လတောင်စောင့်ခဲ့ရတာ"

ငြိမ်းအောင်က ပါဝင်ပြောသည်။

" နင့် ကလပ်က စာဖတ်တဲ့ ကလပ်ပဲဟာကို
အပိုတွေလုပ်နေတာ"

ထိုအခါ ငြိမ်းအောင်က သွန်းနဒီအား မျက်စောင်းထိုးသည်။ မတက်ကြွတဲ့ ကြက်ဖ ဖြစ်နေသူက မိန်း သာ။

" ဟဲ့ ခွန်းစစ် နင့်ဟာကလည်း ပျော်နေပုံလည်းမပေါက်"

" ပေါက်စရာလားဟ ဟို မျက်စိမ်းနဲ့ ဝဋ်ကြွေးကမကျေသေးဖူးလေ ဆပ်ရဦးမယ်"

" အော် ဟုတ်သား နင်နဲ့ မင်းခန့်ထည်နဲ့တူတူနော်"

" အေးလေ"

" စိတ်မကောင်းပါဘူး
ဒါပေမဲ့ နင်တို့တွေစာတောင်တူတူလုပ်နေတာဘဲ
အဆင်ပြေမှာပါ"

" ထင်ရတာပဲ ဟိုကောင်ထမဖောက်ရင်ပေါ့"

........

ထိုသို့နှင့် မင်းခန့်ထည်နှင့် မိန်းခွန်းစစ်သည် သူတို့၏ ပထမဆုံးသော club assignment အတူတူလုပ်ကြရတော့သည်။ ဓာတ်ပုံအသင်း၏ project အရ ပထမတန်းနှင့် ဒုတိယတန်းမှ ကလေးများအား သဘာဝပုံလေးများနှင့် အမှတ်တရပုံများရိုက်ပေးဖို့ရာဖြစ်သည်။ထိုအချိန်က အတန်းငယ်များ၏ ကစားချိန်ဖြစ်သည်။

" ဆရာမ ကျွန်တော်တို့က ဓာတ်ပုံအသင်းပါ
ဒီနေ့ project ရှိလို့ ကလေးတွေကိုပုံဝင်ရိုက်လို့ရမလား"

မင်းခန့်ထည်က မေးသည်။
မူလတန်းဆရာမကလည်း ခပ်ပြုံးပြုံးပင် ခွင့်ပြုလိုက်ပြီး သူတို့နှစ်ဦးသားလည်း ကလေးတွေဆူညံနေတဲ့ playground ထဲဝင်သွားတော့သည်။

Mystery of LoveWhere stories live. Discover now