အခန်း ၈

1.2K 69 2
                                    


" ခွန်းစစ် ဆေးသောက်ပြီးပြီလား"

" အင်း သောက်ပြီးပြီ သတိုး"

နေ့လည်ဆေးသောက်ရန် မေ့တတ်သော မိန်းကို သတိုးကနေ့တိုင်း မမေ့မလျော့ သတိပေးလေ့ရှိသည်။

" ဒီနေ့ ည သောကြာနေ့ဆိုတော့ party ရှိတယ်တဲ့"

" Party?"

" အင်း အမ်မလီ့ သူငယ်ချင်းက ချမ်းသာတော့
သောကြာနေ့ည or စနေည တိုင်း party လုပ်တယ်တဲ့။ swimming pool partyလိုက်မယ်မဟုတ်လား"

"စဉ်းစားပါရစေဦး သတိုးရယ်"

" မစဉ်းစားပါနဲ့တော့ ခွန်းစစ်ရယ်
အမ်မလီမကလည်းနင်မပါရင် ဂဂျိုးဂျောင်
တွေ လုပ်နေဦးမှာပြီးတော့ Art section က အချောလေးတွေလည်း ပါမှာနော် ခွန်းစစ်အတွေးမမှားနဲ့"

" ခွန်းစစ်ငါ့မှာက ကောင်မလေးနဲ့နော်"

" အမယ် မတွေ့ရတာ ဘယ်နှစ်လရှိနေပြီလဲ
ဟိုက အသစ်တောင်ရနေတော့မယ်"

သတိုးပြောမှ မိန်းလည်းစဉ်းစားမိတယ်။
သူ မေနဲ့ မတွေ့ရတာ ၂လ နီးပါးလောက်ရှိနေခဲ့ပြီ။ အစောပိုင်းတုန်းကတော့ ဖုန်းနေ့တ်ိုင်းလိုလိုပြောဖြစ်ပေမဲ့ ယခုတော့ ရက်ခြားရက်ခြားText message လောက်သာ ပို့ဖြစ်တော့သည်။ပြောဖြစ်သည်တို့မှာလည်း အထူးတလည်မဟုတ်။ အဆင်ပြေလား နေကောင်းရဲ့လား။ ထိုမေးခွန်းတို့ အပတ်တိုင်း ထပ်ပြန်တလဲလဲ မေးဖြစ်သည်။

" မရပါဘူးကွာ မင်းကလည်းလျှောက်ပြောနေပြီ "

"ထားပါတော့ လိုက်တော့လိုက်မယ်မဟုတ်လား
ငါတို့တွေတူတူ party မတက်ဖူးဘူးလေ
အမ်မလီ ပွစိထိုးတာလည်း နားမခံနိုင်ဘူးနော်"

" အေးပါ သွားကြတာပေါ့ ဒါဆိုရင်လဲ"

သတိုးက ဇွတ်ခေါ်နေသည်မို့ မိန်းလည်းမငြင်းသာတော့ပဲ လိုက်ရတော့သည်။

မိန်းတို့ အိမ်လောက်နီးနီးကျယ်သော အိမ်ကြီးထဲတွင် သီချင်းတို့သည် ကျယ်လောက်စွာ။
လူကလည်းအတော်ပင်များသည်။ အနည်းဆုံး ၁၀၀ လောက်တောင်ရှိနိုင်သည်ဟု မိန်းထင်သည်။ ဒါတောင် အပေါ်ထပ်ကလူတွေမပါသေး။မြေညီထက်ကသူတွေနှင့် ခြံနောက်ရေကူးကန်ဘေးမှ လူတွေသာ။

Mystery of LoveWhere stories live. Discover now