အခန်း-၉

1.2K 67 1
                                    


ညက ကိစ္စဖြစ်ပြီး မိန်း စိတ်မကြည်တာမို့ အိမ်ကိုပဲ ဦးတည်ပြီးပြန်သည်​။ မေ ပြောသည့်
ယုတ္တိမရှိသော စကားတို့က မိန်းကို ပိုမို၍ပင်စိတ်ရှူပ်စေသည်။ သို့သော် သတိုး​၏ " သူ ဖောက်ပြန်တာမိလို့ ကယောင်ကတမ်းတွေ ပြောတာနေမှာပါ" ဆိုတဲ့စကားကြောင့် အတွေးတို့ကိုကန့်သတ်နိုင်သွားသည်။

အိပ်မရသည်နှင့် သူလည်းအိမ်အောက်ထပ်ကိုဆင်းကာ ရေခဲသေတ္တာထဲမှ မုန့်အချို့နှင့် နှစ်ချို့ ဝိုင်ပုလင်းထဲ ဝိုင်တစ်ချို့ငှဲ့ကာ အိမ်အပေါ်ဆုံးထပ်သို့ တက်သွားသည်။ လက်ရှည်အကျီ အထူဝတ်ထားသော်လည်း London မြို့​၏ အအေးက လျော့သွားခြင်းငှာမရှိခဲ့။ ဝိုင်အစား ရေနွေးခြမ်း သောက်ခဲ့ရင်ကောင်းသားဆိုတဲ့အတွေး တွေးမိ​၏။ မထင်မှတ်ထားသည်က ကိုစစ်လည်း မိန်းနှင့်အတူရှိနေခဲ့သည်။ ကိုစစ်က အရင်ရောက်နေပုံပြီး မိန်းရောက်နေသည်ကိုလည်းမသိတဲ့ပုံပင်။

" အင်း အင်းအဲ့ဆို Gn နော် ကလေးမ
ကိုယ် မနက်မှလာခေါ်မယ်အိပ်တော့"

"......"

" ဟုတ်ကဲ့ဗျာ"

ပြုံးဖြီးနေသော ကိုစစ်ကိုကြည့်ပြီး မိန်း ပါလိုက်ပြုံးမိသည်။ သူ ဒီလိုခံစားချက်ကိုခံစားဖူးရဲ့လား။ တစ်စုံတစ်ယောက်ကိုရော ချစ်ဖူးခဲ့ရဲ့လား။ မေနှင့်တုန်းကလည်း ဒါမျိုး အချစ်ဆိုတာ လွမ်းတာတွေ  တမ်းတမိတာတွေဆိုတာ ယောင်လို့တောင်မကြုံဖူးဘူး မဟုတ်လား။

မိန်းလည်း ကိုစစ် ဖုန်းပြောတာ မနှောက်ယှက်စေချင်တာနဲ့ အသံမပေးဘဲ sofa ပေါ်တွင်ထိုင်ကာ ဝိုင်သောက်နေလိုက်သည်။ လေအေးအေးတို့က တစ်ချက်တစ်ချက် စိမ့်လို့နေသည်။

" ဟယ်လို ဟုတ်ကဲ့ မာမီဟုတ် ကျွန်တော်အဲ့အကြောင်းတော့မသိသေးဖူး ငယ်လေးကိုမေးလိုက်ပါ့မယ်အင်း သူကျန်းမာရေးကောင်းပါတယ်ဟုတ်လား အင်း အင်း"

သူ ခိုးနားထောင်နေတာမဟုတ်ပေမဲ့
အသိမပေးဘဲနားထောင်နေတာကကော ခိုးနားထောင်ရာကျပါသလား။ မိန်းလည်းကိုစစ် ဖုန်းပြောပြီးမှ အသံလှမ်းပေးလိုက်တော့ ကိုစစ်မယ် လန့်ဖြတ်လို့။

Mystery of LoveWhere stories live. Discover now