အခန်း-၁၆

641 29 4
                                    

Year 2020, June.

" သားရေ အဝတ်စားလဲတော့လေ
ကျောင်းနောက်ကျမယ်"

" ဟုတ်ကဲ့မေမေ"

မိန်း ကျောင်းသစ်ရဲ့ uniform ကို သေသေသပ်သပ်ဝတ်လိုက်ပြီး ညကတည်းမှအသင့်ပြင်ထားပြီးသားဖြစ်တဲ့ ကျောင်းလွယ်အိတ်ကို လွယ်ကာ အချိန်မဆွဲတော့ဘဲအိမ်အောက်ထက်ကိုဆင်းလာလိုက်သည်။

မိန်းငယ်ငယ်ကတည်းက သူ​၏ အလိုအရ
မိသားစုမှ သာမာန်အစိုးရကျောင်းတွင်တက်စေသည်။ အကြောင်းမှာ ငယ်သူငယ်ချင်းများနှင့် မခွဲချင်သောကြောင့်ပင်။မိန်း​၏ မိဘများမှာလည်း တစ်ဦးတည်းသော သားငယ်လေးအား အလိုလိုက် အကြိုက်ဆောင်ကာ အစိုးရကျောင်းတွင်တက်စေသည်။သို့သော် ဤသည်မှာ မိန်း အလယ်တန်း ပြီးဆုံးသည်အထိပင်ဖြစ်သည်။အထက်တန်းရောက်သည့်အခါ မိန်း မိဘများ​၏ စကားအား လွန်ဆန်၍မရတော့။ ကိုယ်ပိုင်ကျောင်းကသာ ပိုသာသည်ဟု မြင်နေသော အမေတို့ကြောင့် မိန်းယခု Grade 11ကို မြို့​၏ နံမည်ကြီး ကိုယ်ပိုင်ကျောင်းတွင် Day တက်ရသည်။ International HighSchool ဖြစ်သည့်အလျောက် Grade 12ထိတက်ရမည်မို့အခြေခံပါအောင် Grade 11တွင်စတက်ရသည်။

အပေါင်းသင်းမက်တဲ့ သူ့အတွက်တော့
အစိုးရကျောင်းမှ ငယ်ပေါင်းသူငယ်ချင်းများကို လွမ်းနေတော့မည်မှာအမှန်။ သို့သော်
ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူဌေးသားလေး ပင်မို့ သူငယ်ချင်းအသစ်ရဖို့မခက်ခဲပါလေ။ ဒါကြောင့်မို့ အရင်သူငယ်ချင်းတွေကို လွမ်းရုံမှ လွဲ၍ ကျန်သည့်အရာရာကတော့ ကောင်းမြဲကောင်းဆဲသာ။

ကိုယ်ပိုင်ကျောင်းဖြစ်သည့်အတွက် ကျောင်း uniform မှာ အကျီအဖြူ ပုဆိုးစိမ်းမဟုတ်။
အကျီအဖြူ အပြင် အပေါ်မှ အနီရောင် ကုတ်အကျီအပါးနှင့်အနက်ရောင် စတိုင်ဘောင်းဘီဖြစ်ပြီး နိုင်ငံခြား ကျောင်းများကဲ့သို့ ဖန်စီဆန်ဆန် လှတဲ့ uniform ဖြစ်တာမို့ သဘောကျမိသည်။

" ရော့ သားကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲ"

မေမေ့​၏ အကောင်းဆုံးလက်ရာကား
​အုန်းနို့ခေါက်ဆွဲဖြစ်သည်။ သူအကြိုက်ဆုံးအစာစားဆိုလည်းမမှား။ ဖွယ်ဖွယ်ရာရာပြင်ဆင်ထားသော မနက်စာ အုန်းနို့ခေါက်ဆွဲပူပူလေးကို တဝကြီးစားရင်း မေမေ့​၏ ဆုံးမဩဝါဒတွေကိုခံယူသည်။

Mystery of LoveDonde viven las historias. Descúbrelo ahora