အခန်း-၁၄

1K 48 9
                                    

Part-14

" ကားနဲ့ မသွားဘူးလား?"

ခန့်ထည်မှာ ကားမယူဘဲ လမ်းလျှောက်ပြီး ထွက်လာတာမို့ မိန်းခွန်းစစ်က မေးလိုက်ခြင်း။ ထိုအခါ ခန့်ထည်က သူ၏ နီနေဆဲဖြစ်သော သူ၏ လက်လေးအား မြှောက်ပြသည်။

" အော် ခန့်ထည် မမောင်းနိုင်လဲ ငါမောင်းမယ်လေ"

" ရပါတယ် တစ်ခါတစ်လေ လေး လမ်းလျှောက်ကြတာပေါ့ မကောင်းဘူးလား"

" အင်းပါ လမ်းမလျှောက်ဖြစ်တာလဲ ကြာပြီဆိုတော့
ဒါနဲ့ ဘာနဲ့ သွားမှာလဲ ဘတ်စ်နဲ့လား ရထားနဲ့လား"

လန်ဒန်မြို့၏ လမ်းပန်းဆက်သွယ်ရေးမှာ ဘတ်စ်
စကားသာမက မြေအောက်ရထားလည်းရှိသည်။

" ရထားနဲ့"

" ဝေးလား ဒီနဲ့"

" မိန်းရယ် လမ်းမလျှောက်နိုင်လို့လား
ရရဲ့လား"

" အာ အဲ့လိုမဟုတ်ပါဘူး ဒီအတိုင်းမေးတာပါ"

" ၁၅ မိနစ်လောက်ပါဘဲ အရမ်းမလျှောက်ရပါဘူး"

ထိုသို့နှင့် သူတို့နှစ်ဦးသားမှာ မြေအောက်ရထားစီးကြတော့သည်။

" လူတွေများလိုက်တာ ဒီနေ့"

" အင်း ဟုတ်တယ်နော် ဘာရှိလဲမသိဘူး"

" ပွဲရှိတယ်ထင်တယ် လူတွေတော်တော်များများ ပြင်ပြင်ဆင်ဆင်နဲ့"

" ဟုတ်မယ်

ပုံမှန်ရက်များထက်ပင် ရထားပေါ်တွင် လူတွေကြပ်လှသည်။ မိန်း နှင့်ခန့်ထည် ရထားပေါ်ရောက်တော့ ထိုင်စရာနေရာပင်မရှိသည့်အပြင် မတ်တပ်ရပ်ရမည့်နေရာတွင်ပင် လူများကြပ်နေသည်။ မိန်းက ကိုင်လို့ရသောတိုင်တစ်တိုင်ကိုသွားကာ ကိုင်ထားပြီး ခန့်ထည်ကတော့ သူ၏ နောက်တွင် အုပ်မိုးလျက်ရပ်နေသည်။ အတိအကျဆို မိန်းက ခန့်ထည်၏ ရင်ခွင်ထဲ...။ ရထားပေါ် လူတို့ ပို၍ ဝင်လာသောကြောင့် သူနဲ့ ခန့်ထည် ခပ်ကွာကွာအနေအထားမှ ယခုတော့ နေရာအလွတ်မရှိ အောင် ကပ်လို့နေပြီ။

ခန့်ထည်၏ ဝင်သက်ထွက်သက်မှာ မိန်း၏ လည်တိုင်နား ခပ်ဖွဖွတိုက်ခတ်နေသည်။ အစမှာ လူတိုးနေတာနှင့် သတိမထားမိသော်ညား မိနစ်ပိုင်းအကြာမှာတော့ မိန်း ခန့်ထည်၏ ရင်ငွေ့အား ခံစားမိလာသည်။ ကလျာဏီ နံ့သင်းသင်းနှင့် နွေးထွေးသော ထိုရင်ငွေ့...။ ရထားပေါ်တွင်ရှိသော လေအေးပေးစက်၏ အအေးကိုကျော်လွန်နိုင်သော အနွေးဓာတ်။ သူ၏ အနွေးဓာတ်.....

Mystery of LoveWhere stories live. Discover now