အခန်း-၃

2.1K 107 1
                                    

Part-3

" အင်းလေ မောင်သိချင်နေမှာပေါ့ "

အပြုံးနုနုတို့ကိုပန်ဆင်ထားသော မေသည် အလွန်လှပသော မိန်းကလေးဖြစ်ကြောင်း နှစ်ခါလှည့်ကြည့်စရာမလိုအောင်ပင်သေချာလှသည်။

" လာ မောင် မေ့နောက်လိုက်ခဲ့"

ထို့နောက် မေသည် အခန်းထဲက ထွက်ကာ အောက်ထပ်သို့ဆင်းလာ၍ ဧည့်ခန်းကျယ်သို့ ဦးတည်သွားသည်။ ဧည့်ခန်းကြီးသည် အဖြူရောင်နှင့် ရွှေအိုရောင်ကိုသာ သုံးထားပြီး မီးပန်းများဖြင့် မျက်နှာကျက် ကိုအလှဆင်ထားသည်။
အလွန်ကျယ်သော ဧည့်ခန်းကြီး၏ ထောင့်စွန်းတွင် ကျွန်းသားဖြင့် ပြုလုပ်ထားသော ဗီရိုစဉ်ကြီး ရှိသည်။
မေ သည် ထိုဗီရိုထဲမှ ဓာတ်ပုံ အယ်လ်ဘမ် ၂ ခုကို ဆွဲထုတ်လိုက်ပြီး ဧည့်ခန်းထဲက sofa ပေါ်တွင်ထိုင်လိုက်သည်။

" လာ လေ မောင်"

" အင်း "

မေ က သူထိုင်နေသော နေရာဘေးကို လက်ပုတ်ပြပြီး လှမ်းခေါ်သဖြင့် မိန်း လည်း သူမ ဘေးဝင်ထိုင်လိုက်သည်။

" ဒီမှာ ဒါ မောင့်ပုံတွေ မောင် ငယ်ငယ်က‌တည်းက ပုံလေးတွေ"

မေ ပြလာသော အယ်လ်ဘမ် ထဲမှ အသားဖြူဖြူ ရှေ့သွားနှစ်ချောင်းလေးထင်းနေပြီး အလှဆုံးအပြုံးများဖြင့် ပြုံးနေသော ကလေးပုံများကို ပြလာသည်။

" ဒီပုံလေးဆို မောင် သုံးတန်းနှစ် က ကပွဲက ပုံလေး"

" ဒါလေးက မောင် ၇ တန်းနှစ် ဆုယူတုန်းကပုံလေး"

" ဒါလေးက မောင် ၈ တန်းနှစ်က မေ့ မွေးနေ့မှာ ‌ကိတ်မုန့်ခရင်မ်လိုက်သုတ်နေတဲ့ပုံလေး"

" ကြည့်ပါဦး ဒီပုံလေးက မေ့ favoriteမေ နဲ့မောင် ၂ တန်းနှစ်က ‌မေတို့ကို မိန်းကလေး လိုဆင်တူဝတ်ပေးထားတာလေး"

ငယ်ဘဝက ပုံမျိုးစုံသည် ဗလာနတ္ထိဖြစ်ကာ ရှင်းလင်းနေသော မိမိ၏ ဦးနှောက်ကို လှောင်ရယ်နေသယောင်။ သက်ပြင်း ညှင်းညှင်းချလိုက်ပြီး မေ ပြောသမျှကိုသာ အာရုံစိုက်ပြီးနားထောင်နေလိုက်သည်။

" မောင်ကလေ သိပ်အေးတာ ငယ်ငယ်က ဆို အငိုအရမ်းသန်တာလေ ။ မောင့်မာမီနဲ့ မေ့ မာမီက ငယ်သူငယ်ချင်းဆိုတော့ မောင်နဲ့ မေတို့က ငယ်ငယ်ကတည်းက တူတူ ကြီးပျင်းလာကြတာ"

Mystery of LoveWhere stories live. Discover now