အပိုင်း၈-၃+၈-၄

276 55 0
                                    

အပိုင်း၈-၃

ဒါပေမဲ့ ဒီလိုမျိုးအထင်ကြီးမောက်မာတဲ့ခံစားချက်မျိုးကို ရှေ့မှာရှိနေတဲ့အယ်လ်ဖာဆီကနေပြီး တစ်ခါမှမခံစားရဖူးပေ။ ဆန့်ကျင်ဘက်အနေနဲ့ ....... သူကိုအနိုင်ကျင့်ရတာတောင်ပျော်ဖို့ကောင်းနေသေးတယ်။

စု့ချန့်တုံ့ဆိုင်းစွာနဲ့ပဲလက်ကိုဆန့်ထုတ်လိုက်ပြီး လူငယ်လေးရဲ့ဆံပင်ထိပ်ဖျားလေးတွေကို ဖြည်းညှင်းစွာနဲ့ပွတ်သပ်လိုက်တယ်။

ပျော့ပျောင်းပြီးခပ်အုပ်အုပ်လေးဖြစ်နေတဲ့ အုံထူထူဆံသားတွေကို လက်နဲ့ပွတ်သပ်တဲ့အခါ အရမ်းသက်သောင့်သက်သာရှိလွန်းတယ်။ နောက်ပြီးတော့လူငယ်လေးကလည်း ချက်ချင်းရှောင်ဖယ်သွားတာမျိုးမရှိဘဲ မျက်လုံးမှေးမှေးလေးတွေကို ပင့်မော့ပြီးတော့ ခွေးပေါက်လေးတစ်ကောင်ကကြည့်နေသလိုမျိုး အပြစ်ကင်းတဲ့မျက်ဝန်းအစုံနဲ့ သူ့ကိုငေးမောလို့ကြည့်နေတယ်။

ကြည်လင်နေပြီးတော့ နွေးထွေးသိမ်မွေ့တယ်။ နောက်ပြီးရန်လိုပြီးတိုက်ခိုက်လိုတဲ့ပုံရိပ်မျိုးကတော့ တစ်စက်ကလေးမှကိုရှိမနေပေ။

မသိလိုက်မသိဘာသာနဲ့ပဲ သူ့ကိုယ်မှာတပ်ဆင်လို့ထားတဲ့ အကာအရံတွေဖြစ်တဲ့ ဆူးတွေကိုရုတ်သိမ်းမိစေလိုက်တယ်။

စု့ချန့်သူ့လက်တွေကိုပြန်ရုတ်လိုက်ပြီး စကားကိုခပ်တိုးတိုးနဲ့ဆိုလိုက်တယ်။ " ဆွဲသီးကိုကိုယ်လူလွှတ်ပြီး ပြန်ယူခိုင်းလိုက်ပြီးပြီ။ ကျေးဇူးပဲနော်။ "

စူးယွီကျုံးရုတ်တရက်ဆိုသလိုပဲ ပြန်ပျော်ရွှင်လာပြန်ရော။

သူခဏလောက်တွေးပြီးမှ " ခင်ဗျားရဲ့ Heatက မူမမှန်ဖြစ်နေပြီး၊ ခင်ဗျားရဲ့ကိုယ်ကလည်း ထိန်းချုပ်ဆေးအပေါ်မှာလည်းပြန်ကန်ပြီးခုခံနေတယ်။ အဲဒါကြောင့်မို့ကျွန်တော့်ကိုလိုအပ်တယ်၊ အဲ့လို့...? "

သူခဏလေးကတင် ထိုအမျိုးသားပြောခဲ့တဲ့စကားကိုပြန်တွေးမိလိုက်တယ် _ _ အဲ့ဒီညကလိုမျိုး..... Rutကိုအဲ့ဒီနည်းလမ်းနဲ့ထိန်းချုပ်နိုင်မလားဆိုတာ စမ်းကြည့်ရအောင်။

အဆုံးသတ်အဖြေကတော့ သေချာပေါက်ပဲပေါ့။

သူ စု့ချန့်ကိုအမှတ်အသားမပေးခဲ့ပေမဲ့ သူရဲ့Rutကတော့ ဖိနှိပ်ခံလိုက်ရပြီဖြစ်တယ်_ _ ။ တကယ်တမ်းပြောရရင်အမှတ်အသားက ဘယ်လိုပေးရတယ်ဆိုတာသူလည်းမသိပေ။ အင်းလေ။ သူခဗျာ ကိုယ့်ဖယ်ရိုမုန်းကိုယ်တောင် ဘယ်လိုထိန်းချုပ်ရမှန်းသိမနေတာ ။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Donde viven las historias. Descúbrelo ahora