အပိုင်း၇-၃
စု့ချန့် အယ်လ်ဖာငယ်လေးရဲ့ ထိတ်လန့်နေတဲ့ပုံကိုကြည့်ရင်းနဲ့ သူစိတ်ထဲမှာအနည်းငယ်ကျေနပ်သလိုတောင်ခံစားလိုက်ရတယ်။ သူနည်းနည်းလေးတောင်မှပြန်မရုတ်သိမ်းပဲ သူနားကိုပိုလို့တောင်ကပ်သွားလိုက်သေးတယ်။ နောက်ပြီးသိရက်တမင်တောင်မေးလိုက်သေးတယ်။ " ဘာအနံ့လဲ? "
ထိုယောကျ်ားရဲ့အသံက ခပ်အက်အက်ဖြစ်နေပြီးအလွန်ဆွဲဆောင်မှုရှိလို့နေတယ်။
စူးယွီကျုံးသူ့နှလုံးသားကတုန်လှုပ်နေပြီး အသက်ရှူကြပ်နေတာကိုပဲ ခံစားနေရတယ်။ သူ့နှာခေါင်းဝမှာရနေတဲ့ သစ်အယ်သီးနံ့ကပိုလို့တောင်ချိုမွှေးပြီးဆွဲဆောင်မှုကပိုပြင်းလို့လာတယ်။ သူအသက်ကိုဖြေးဖြေးချင်းရှူနေရပြီး အသိစိတ်တွေကစတင်ပြီး ဝေဝါးစပြုလို့လာတယ်။
" ခင်ဗျားဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်မထိန်းနိုင်ဘဲ...... " သူညည်းညည်းညူညူနဲ့ဆိုလိုက်တယ်။
" ဘာကိုမထိန်းနိုင်ဘဲလဲ? "
နဂိုကတည်းကမှကားနောက်ခန်းကနေရာက ခပ်ကျယ်ကျယ်မဟုတ်တာကို ထိုယောကျ်ားကအနားတိုးလာတော့ စူးယွီကျုံး သူ့ကိုယ်သူ သစ်အယ်သီးရနံ့တွေနဲ့ပြည့်နေတဲ့ ပင်လယ်ထဲမှာနစ်မြုပ်နေသလိုခံစားလိုက်ရတယ်။
သူနောက်ဆုံးမှာတော့ လက်ကိုဆန့်ထုတ်လိုက်ပြီး စု့ချန့်ကိုဖက်လိုက်တယ်။ သူ့ရင်ခွင်ထဲမှာဖိကပ်ထားပြီး " မင်းအရမ်းမွှေးတာပဲ။ " ခပ်တိုးတိုးနဲ့ကပ်ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူရဲ့ Dominant Alphaတွေသာပိုင်ဆိုင်နိုင်တဲ့ ဖယ်ရိုမုန်းတွေက အထိန်းအကွပ်မဲ့စွာနဲ့ ထုတ်လွှတ်လို့လာတယ်။ ဗီဇရဲ့ထိန်းချုပ်မှုအသိတွေအတိုင်း သူ့ရှေ့မှာရှိနေတဲ့ အိုမီဂါကိုထိန်းချုပ်ချင်နေခဲ့တယ်။
စု့ချန့်ရဲ့ အသက်ရှူသံတွေကလည်း အလွှဲလွှဲအမှားမှားဖြစ်လာခဲ့တယ်။
သူအသေအချာကိုခံစားမိနေတယ်။ သူထိုးထားတဲ့ Inhibitor ရဲ့ အကျိုးသက်ရောက်မှုက သူ့ကိုယ်ပေါ်မှာ တဖြေးဖြေးနဲ့ အားပျော့လို့လာတယ်။ အစကတော့ Inhibitorထိုးထားလိုက်တာနဲ့ ဖယ်ရိုမုန်းတွေကထိန်းချုပ်မှုအောက်မှာသာအပြည့်အဝရှိနေလိမ့်မယ်။ သေချာပေါက်ထုတ်လွှတ်ဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အရာပေ။
ВЫ ЧИТАЕТЕ
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Любовные романыဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။