အပိုင်း၈-၁+၈-၂

296 58 5
                                    


အပိုင်း၈-၁

ကားအတွင်းခန်းထဲမှာ သစ်အယ်သီးနဲ့အုန်းရနံ့ဖယ်ရိုမုန်းတို့ကအတူရောနှောနေပြီး ရစ်ပတ်နှောင်ဖွဲ့လို့နေတယ်။ သူတို့ရဲ့နှလုံးသားကိုခပ်ဖွဖွလေးကုတ်ဖဲ့နေသလိုပင်။

စု့ချန့်ခေါင်းကိုငုံ့ထားပြီးလူငယ်လေးကိုငေးမောကြည့်နေမိတယ်။

သူ့(စု့ချန့်) နှုတ်ခမ်းအစုံကအနည်းငယ်ပွင့်ဟလို့လာပြီး တစ်ခုခုမေးဖို့ပြင်လိုက်သော်လည်း သူ(စု့ချန့်)ရဲ့အသိစိတ်အာရုံများက တံတွေးအနည်းငယ်စိုစွတ်နေပြီး အနီတောက်ရောင်လိုမျိုး တောက်ပနေတဲ့ သူရဲ့(စူးယွီကျုံး) နှုတ်ခမ်းသားများဆီကိုရောက်လို့သွားတယ်။

စု့ချန့်သူကိုယ်တိုင် တစ်ရက်ရက်မှာ အယ်လ်ဖာတစ်ယောက်ကိုအခုလိုမျိုးငေးမောကြည့်နေမိလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပေ။ ကြည့်ရင်းသူအသက်ရှူကြပ်လာသလိုပင်၊ အင်း သူရေလည်းငတ်လာတယ်လို့ခံစားလာရပြီ။

" စု့လူကြီးမင်း? "

သူ့(စု့ချန့်)စကားပြောသံမကြားရတော့ စူးယွီကျုံးခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်တယ်။ စု့ချန့်သူ့အကြည့်တွေကိုပြန်ရုတ်လိုက်ပြီး ခေါင်းငုံ့ကာအဝတ်အစားတွေကို သပ်ရပ်အောင်ပြန်ပြင်နေတယ်။

စူးယွီကျုံး ထိုသူအဆင်ချောချောနဲ့ခါးပတ်ကိုကျင်လည်စွာပြန်ပတ်နေတာကိုကြည့်ရင်းနဲ့ အခုဏကဖြစ်ရပ်ကိုပြန်တွေးမိပြီး တစ်ခါထိန်းချုပ်မရစွာနဲ့နားရွက်တွေကပြန်နီရဲလာပြန်တယ်။ သူတစ်ခါခေါင်းကိုလှည့်ပြီးရှောင်လိုက်ပြန်တယ်။

" စု့ချန့်။ "

ဒီအချိန်မှာပဲ သူ(စူးယွီကျုံး)ထိုအမျိုးသားစကားပြောတဲ့အသံကိုကြားလိုက်ရတယ်။

စူးယွီကျုံးပေကလပ်ပေကလပ်လုပ်ရင်းမှ အဲ့ဒါကစူ့နာမည်ဆိုတာကိုသဘောပေါက်လိုက်တယ်။

" စိတ်နှလုံးပြည့်ဝတဲ့နှိမ့်ချတတ်သော အမျိုးသားကောင်းရဲ့ ချန့်လား။ " (မြန်မာစကားပုံစဉ်စားရတာနဲ့ ပြန်အစားထိုးပေးပါ့မယ်။ ချက်ချင်းကိုဘယ်လိုမှစဉ်စားမထွက်လာလို့ပါ။ 谦谦君子 ဆိုတဲ့idiomပါ။ တွေးမိတာရှိရင်လည်းကိုယ့်ကိုလာပြောလို့ရပါတယ်။ ချန့် တစ်လုံးတည်းဆိုရင် နှိမ့်ချခြင်း/ ကျိုးနွံခြင်း/တည်ငြိမ်ခြင်း/ပလွှားမှုမရှိခြင်းလို့အဓိပ္ပာယ်ရပါတယ်။ )

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now