ဟေး၊ကိုယ်အတင်းလာတုပ်တာ

259 28 0
                                    

ကိုယ်အခုအပိုင်း၈-၄ကို ဘာသာပြန်နေရင်းနဲ့ အတင်းလာတုပ်တာ။ စပွိုင်လာပုံစံတော့မဟုတ်ပေမယ့် နည်းနည်းအတင်းပေါ့နော်။ 

 မျက်ခုံးပင့်တာတွေ ကတကယ်ကတော့ပုံစံအမျိုးမျိုးပဲရယ်။ မျက်ခုံးတစ်ဖက်ပင့်တာ။ အစုံလိုက်ပင့်တာ။ မျက်ဝန်းတစ်ခုလုံးပင့်ကြည့်တာ။ အထဲကမျက်ဆန်ကိုပဲလှုပ်ရှားပြီး ပင့်ကြည့်လိုက်တာမျိုး။ ကိုယ်စု့ချန့်နေရာကိုဘာသာပြန်တိုင်း ကိုယ့်လိုအပ်ချက်တွေကိုအတော်လေးတွေ့ရတယ်။ အထူးသဖြင့်စု့ချန့်ရဲ့ မျက်ဝန်းအစုံနဲ့ မျက်ခုံးတွေကအရမ်းစကားပြောတယ်။ ကိုယ်အချိန်ရတဲ့အခါကျရင် သေချာမျက်ဝန်းတွေစကားပြောတဲ့ပုံကို သေချာပုံဖော်နိုင်အောင် စာများများထပ်ဖတ်ပြီးတော့ စု့ချန့်မျက်ဝန်းစကားပြောတဲ့ အခန်းတွေကိုသေချာလေးပြန်ပြင်ပေးပါမယ်။ ဒါကကိုယ်လိုအပ်နေတဲ့အပိုင်းဖြစ်နေတာမို့ ဝန်ခံရင်းအတင်းလာတုပ်တာပါ။ 

ဒီအပိုင်းမှာ စု့ချန့်ကို ကိုယ်တို့ကျုံးကျုံးက သူ့တောင်းဆိုချက်က ဘာဆိုတာပြောပြတယ်ပေါ့လေ။ ကိုယ်ကျုံးကျုံးနဲ့ဆို ချန့်ချန့်ရဲ့ ရေခဲတွေကလေ မသိမသာနဲ့ကိုအရည်ပျော်ကျလာတာရယ်။ နောက်ပိုင်းအပိုင်း၁၉လောက်မှာ ကျုံးကျုံးကသူ့တောင်းဆိုချက်တစ်ခုကိုထုတ်ပြောတယ်ပေါ့ကွာ။ ဘာတောင်းဆိုချက်လို့ထင်ကြလဲ?  ကလေးက ပုစွန်အခွံခွာခိုင်းပါသတဲ့ ။ အများတကာကြောက်ရတဲ့ ဥက္ကဌကြီးကိုလေ။ ကိုယ်အမြင့်ပေါ့လေ။ သူတို့နှစ်ယောက် အတူရှိသွားနိုင်တာက ကျုံးကျုံးရဲ့  တောင်းဆိုချက်တွေရယ်၊ ချန့်ချန့်ရဲ့ မသိမသာအလိုလိုက်ချက်တွေကြောင့်ရယ်လို့ဆိုရမယ်။ 

တကယ်ကပြောပြရင်တော့အများကြီးပဲ။ အခုတော့အဲ့ ပုစွန်အခွံခွာတာကိုအတော်လေးကိုရယ်ချင်နေလို့။ဖုန်းပြင်ပြီးမှပြန်တွေ့ကြမယ်နော်။ အပ်ပုဒိတ်နောက်ကျခဲ့ရင် တစ်ချက်နားလည်ပေးကြပါလို့။ဒါမဟုတ်၈-၃ အရင်ဖတ်ချင်တယ်ဆိုလဲ ကိုယ့်ကိုလာပြောလို့ရတယ်။ အဲ့တာလေးအရင်တင်ပေးခဲ့လို့။ အိုကေ၊အိုကေ။ အလုပ်ချိန်ကြီးခိုးတင်နေတာ ။ ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်။ See Ya။ Your Main_Z01





小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now